0

ရေးသားသူ - ဆောင်းဝင်းလတ်

အစိုးရက ဆောက်ရမယ်ဆိုလို့ ကြောက်ကြောက်လန့်လန့်နဲ့ တည်ဆောက်ထားတဲ့ ကျေးရွာစာကြည့်တိုက် မဟုတ်ဘဲ၊ တကယ် စာပေကို မြတ်နိုးပြီး၊ စာတကယ်ဖတ်ချင်တဲ့ လူငယ်တွေနဲ့ ကျေးရွာသူကျေးရွာသားတွေ စုပေါင်းပြီး တည်ဆောက်ထားကြတဲ့ စာကြည့်တိုက်ကလေးတစ်တိုက်ဆိုတာ သိရတဲ့အ တွက် မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ မြစ်ဝကျွန်းပေါ်ဒေသထဲက ရွာလေးတစ်ရွာကို ကျွန်တော်သွားပြီး စာအုပ် “၅၀”လှူဒါန်းခဲ့ပါ တယ်။ ရောက်တုန်းရောက်ခိုက်မှာ စာပေဟောပြောပေးပါလို့ ဆန္ဒပြုလာကြတာကြောင့် ရောက်တဲ့ညမှာပဲ ကျွန်တော်စာပေဟောပြော ခဲ့ရပါတယ်။ ခင်မင်ချစ်ခင်စရာ ရွာသူရွာသားတွေရဲ့ ဖော်ရွေပျူငှာမှု မေတ္တာဓာတ်ကို အပြည့်အ၀ ရရှိခဲ့ပါတယ်။ ခရိုင်မြို့ကြီးနဲ့ သိပ် ပြီးမဝေးကွာလှပေမဲ့ (ထုံးစံအတိုင်း) လျှပ် စစ်မီး လုံးဝမရှိသေးတဲ့ ရွာလေးတစ်ရွာဖြစ်ပါ တယ်။ ဒါကြောင့် စာကြည့်တိုက်ကလေးမှာလည်း လျှပ်စစ်မီးဆိုတာ လုံးဝမရှိပါဘူး။ ဒါကြောင့် ခရိုင်မြို့ကြီးက မြို့နယ်အုပ်ချုပ်ရေး မှူးရုံးဆီမှာ သွားပြောရင် အစိုးရဈေးနှုန်းနဲ့ ရနိုင်တယ်ဆိုတဲ့ (SOLAR) ဆိုလာပြားတစ်ပြားရဖို့ ကျေးရွာကလူငယ်လေးတစ်ယောက်က မြို့ကိုတက်သွားတယ်။ နေရောင်ခြည်သုံး ဆိုလာပြားကတစ်ဆင့် လျှပ်စစ်မီးရနိုင်ဖို့အတွက်ပါ။ ကျေးရွာစာကြည့်တိုက်ကလေး မီး လင်းဖို့အတွက် သူသွားပြီး ကြိုးပမ်းဆောင်ရွက်တာဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ခွင့်ရဖို့အတွက် လူငယ်လေးဟာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပါသေးတယ်။ တော်တော်ကြာတော့မှ တွေ့ခွင့်ရလိုက်ပါတယ်။ ဘာကိစ္စလဲလို့ဆိုပြီး မျက်နှာမှုန်တေတေကြီးနဲ့ မေးတာကို ကြုံတွေ့လိုက်ရတယ်။ ကျွန်တော်တို့ရွာက စာကြည့်တိုက်ကလေး မီးလင်းဖို့ ဆိုလာပြားတစ်ပြားလောက်လာပြီး တောင်းခံတာပါလို့ လူငယ်လေးက ပြောပါတယ်။ ဒါပေမဲ့ အဲဒီ့အုပ်ချုပ်ရေးမှူးဟာ ဆို လာပြားပေးနိုင်မယ် မပေးနိုင်ဘူးဆိုတဲ့ လိုရင်းအကြောင်းအရာကို မပြောဘဲ စကားကို လှည့်ပတ်နေတယ်။ ဘာမှမသက်ဆိုင်တဲ့ အကြောင်းအရာကိုပဲ ပြောနေတယ်။ ဘာတွေ လျှောက်ပြောနေလဲဆိုတော့ “မနေ့ကပဲ အဘနဲ့ငါနဲ့ ကားအတူတူစီးလာခဲ့ကြတာကွ”ဆို တဲ့ စကားကိုပဲ ထပ်တလဲလဲ ပြောနေပါ တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးပြောနေတဲ့ အ ဘဆိုတာ ဘာကိုရည်ညွှန်းပါသလဲလို့ လူငယ်လေးက မေးလိုက်ပါတယ်။ “မင်းက... အဘကိုတောင် မသိဘူးလားကွ...ပြည်ခိုင် ဖြိုးအတွင်းရေးမှူးကြီးလေကွာ”လို့ ပြောတော့မှ အဘဆိုတာ အဲဒီ့လူကြီးပါလားဆိုတာ လူငယ်လေးသိလိုက်ရတယ်။ လူငယ်လေးက “ကျွန်တော်ထိုင်စောင့်နေတာ တော်တော် ကြာပြီဗျ။ အဲဒီ့ကြံ့ဖွံ့က အဘကိစ္စနဲ့ ကျွန်တော် အခုလာတောင်းတဲ့ ဆိုလာပြားရဖို့ကိစ္စ ဘာ ဆိုင်လို့လဲဗျာ”လို့ မေးလိုက်တယ်။ ဘာမှမပာဘဲ၊ စားပွဲပေါ်မှာရှိတဲ့ ဖိုင်တွဲတွေကိုပဲ ဟိုရွှေ့ဒီရွှေ့ ဟိုလှန်သည်လှန်လုပ်နေပြန် တယ်။ တော်တော်ကြာသွားတယ်။ ဘာမှ ရေရေရာရာ သေသေချာချာ အဖြေတစ်ခု မရနိုင်တော့တဲ့အဆုံးမှာ လူငယ်လေးဟာ ရုံးခန်းထဲက ချာခနဲလှည့်ထွက်လာခဲ့ပါတော့တယ်။ ဒီလိုအကြောင်းတရားတွေနဲ့ပဲ အဲဒီ့မှာ စာကြည့်တိုက်လေးဟာ ညအခါဆိုရင် မည်းမှောင်နေပါတော့တယ်။ ပြီးတော့ ခရိုင် နဲ့မြို့နယ်ပိုင်းက တာဝန်မယူတဲ့ကိစ္စတစ်ခုက ရှိပါသေးတယ်။ လူငယ်လေးတို့နေထိုင်တဲ့ ရွာဟာ အဓိကပင်မရွာတစ်ရွာလို့ ဆိုရပါလိမ့် မယ်။ ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဟာ သူတို့ရွာမှာ ရုံးမစိုက်ဘဲ၊ ဟိုဘက်ရွာမှာ ရုံး စိုက်ထားတာ သဘာဝမကျဘူးဖြစ်နေပါတယ်။ ရုံးကိစ္စရှိရင် သူတို့က သူတို့ထက် လူဦးရေနဲ့ အိမ်ခြေပိုနည်းပါးတဲ့ ဟိုဘက်ရွာကို သွား သွားနေရတာ လုံးဝအဓိပ္ပာယ်ကင်းမဲ့နေ တယ်။ ဒီလို ဘာကြောင့်ဖြစ်နေရတာလဲဆို ပြီး ဒီဘက်ရွာက လူငယ်လေးတွေက လေ့လာ စုံစမ်းလိုက်တော့ အဖြေတစ်ခုရလိုက်ကြပါ တယ်။ ဒီဘက်ရွာက ရွာသူရွာသားတော်တော် များများကကြံ့ဖွံ့အသင်းတုန်းကလည်း မ၀င်ခဲ့ ကြဘူး ကြံ့ဖွံ့ပါတီဆိုပြီး နာမည်ပြောင်းလိုက်တော့လည်း တစ်ယောက်စနှစ်ယောက်စလောက်ပဲ ပါတီထဲဝင်ခဲ့ကြတယ်။ ဟိုဘက်ရွာ မှာတော့ ကြံ့ဖွံ့အသင်းဝင်ခဲ့တဲ့ လူအရေအတွက်က ဒီဘက်ရွာနဲ့စာရင် နည်းနည်းပိုတယ်။ ဒီတော့ ကြံ့ဖွံ့ပါတီဝင်တွေ ကြီးစိုးနေတဲ့ အုပ်ချုပ်ရေးပိုင်းခေတ်ကြီးရောက်လာတဲ့အခါ ဟိုဘက်ရွာမှာသွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဆိုတာက ရှိနေရတဲ့ သဘောပါပဲ။ နောက်ပြီး လမ်းကိစ္စ။ ဟိုဘက်ရွာကိုသွားမယ်ဆိုရင် ဒီဘက်ကလူငယ်လေးတို့ရဲ့ ရွာလမ်းကနေပြီး အရင်ဆုံး၊ ထော်လာဂျီတွေ၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကားတွေ ၀င်ရပါတယ်။ ရွာအတွင်းပိုင်းရောက်ပြန်တော့ လမ်းက နှစ်သွယ်ရှိပြန်တယ်။ ဟိုဘက်ရွာကို ဆက် ပြီးသွားလို့ရတဲ့ လမ်းသွယ်နဲ့ ဒီဘက်ရွာကနေ ဟိုဘက်ရွာဘက်ကို ပတ်ပြီးဆက်သွားလို့ရတဲ့ လမ်းသွယ် (၂) သွယ်ပဲဖြစ်ပါတယ်။ ဟို ဘက်ရွာကလူတွေဟာ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်းလို စားသုံးကုန်ပစ္စည်း၊ အဆောက်အအုံ ဆောက်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်တာကအစ သူတို့ရွာဘက်ကို ဆက်သွားလို့ရတဲ့ လမ်းသွယ်ကို လုံးဝမသုံးဘဲ ဒီဘက်ရွာက ပင်မအ၀င်အထွက် လမ်းနဲ့ ရွာအတွင်းပိုင်းက ပတ်လို့ရတဲ့ လမ်းသွယ်ကိုသာ၊ နွေမိုးဆောင်း ရာသီသုံးပါးလုံး အသုံးပြုနေကြတယ်။ ဒီတော့ လမ်းပြင်စရာ ဖို့စရာရှိလာတဲ့အခါမှာ ဒီဘက်ရွာကလူတွေကပဲ အစအဆုံး ပိုက်ဆံကောက်၊ ပိုက်ဆံစုပြီး ပြင်နေကြရတယ်။
မျှတမှုဆိုတာ လိုအပ်တယ်။ ဒီကိစ္စတွေ အတွက် ဒီဘက်ရွာက၊ ဘက်ပေါင်းစုံမှာ တက် တက်ကြကြ ဦးဆောင်ပါဝင် လှုပ်ရှားတဲ့ လူ ငယ်လေးက “ဆိုလာပြား”ကိစ္စတုန်းကလိုပဲ၊ မြို့ ပေါ်မှာရှိတဲ့ အုပ်ချုပ်ရေးပိုင်းကို စာနဲ့ပေနဲ့ တက်ပြီး တရားဝင်တင်ပြတယ်။ ဘာမှလာ ပြီး ညှိနှိုင်းဖြေရှင်းမပေးတဲ့အပြင် အဲဒီ့လူငယ်လေးဟာ ပြဿနာအရှာခံလိုက်ရပြန်တယ်။ ဖြစ်ပုံက ဒီလိုပါ။ ကွင်းထဲမှာ လူငယ်လေးရဲ့ အုတ်ဖုတ်လုပ်ငန်းရှိတယ်။ သူအုတ်ဖုတ်တဲ့ ဖိုနဲ့ မလှမ်းမကမ်းမှာ ပိုင်ရှင်တော့ရှိပြီး၊ လူလည်းလုံးဝမနေ၊ ပရိဘောဂပစ္စည်းဆိုလို့လည်း ဘာတစ်ခုမှမရှိတဲ့ တဲအလွတ်တစ်တဲ ရှိနေခဲ့ပါတယ်။ တဲက အုတ်ဖုတ်တဲ့ဖိုရဲ့ “လေအောက်”မှာ ရှိပါတယ်။ အုတ်ဖုတ်တဲ့ဖိုက တဲရဲ့ လေညာအထက်မှာ တည်ဖွဲ့ထား တဲ့ဖိုဖြစ်တော့ တဲဘက်ကို ဘယ်တော့မှ မီးပွားမလွင့်ခဲ့ပါဘူး။ ဒါပေမဲ့ တစ်ညမှာတော့ အဲဒီ့တဲကို မီးလောင်သွားပါတယ်။ တဲပိုင်ရှင် ရောက်လာတယ်။ အုတ်ဖုတ်တဲ့ လူငယ်လေး နဲ့ စကားပြောကြတယ်။ တဲပိုင်ရှင်ကလည်း လူငယ်လေးရဲ့ အုတ်ဖိုက မီးပွားလွင့်လို့ သူ့ တဲ မီးလောင်တာမဟုတ်ဘူးဆိုတာ သိတယ်။ ဒီတော့ ဒီကိစ္စဟာ လူငယ်လေးနဲ့ မပတ်သက်ဘူး။ မသက်ဆိုင်ဘူး။ သူ့တဲ မီးလောင်တဲ့ကိစ္စနဲ့ လူငယ်လေးကို သူအရေးမယူပါဘူးဆိုတဲ့အကြောင်း သက်ဆိုင်ရာကို အတိအလင်းပြောပြီးသား။ သက်ဆိုင်ရာက အဓိက စုံစမ်းရမှာက အဲဒီ့တဲ ဘာကြောင့် မီးလောင်သွားရလဲဆိုတာကို နည်းလမ်းတကျနဲ့ စုံစမ်းအဖြေရှာရမှာဖြစ်တယ်။ ဒါပေမဲ့ မြို့နယ်က အာဏာပိုင်ဆိုတဲ့ အာဏာပိုင်လို့ အမည်ခံထားကြတဲ့ အဖွဲ့အစည်းက အဲဒီ့လူငယ် လေးကို ပြဿနာရှာနေတယ်။ တော်ကြာနေ ရဲကခေါ်စစ်ပြန်ပြီ။ သွားရပြန်ပြီ။ မြို့နယ်ရဲစခန်းကို ကြာတော့ လူငယ်လေးဟာ အလုပ်ပျက် အကိုင်ပျက်နဲ့ အချိန်တွေမကုန်ဆုံးသင့်ဘဲ ကုန်ဆုံးနေရတယ်။ သြော်...လူတွေများပြောပါတယ်။ ဟိုး ... သူတို့ပြောပြောနေကြတဲ့ “အဘ”ဆိုတဲ့ လူတန်းစားတွေလိုများ အဆီ တစ်ထပ်အသားတစ်ထပ် စားနေကြရရင် ဘယ်လောက်များ “အာဏာမာန်” တက်လိုက် ကြမလဲမသိဘူး။ အခုလို အကြင်းအကျန် အရိုးအရင်းလေး ၀ါးနေစားနေရတာတောင်မှ ကျေးလက်ဘ၀တွေထဲက အတွေးအေခါ် အမြော်အမြင်၊ တက်ကြပြီး အများအကျိုးသယ်ပိုးချင်တဲ့ လူငယ်လေးတွေအပေါ်မှာ အကွက်ချအာဏာ ပြ၊ မာန်တကြကြဖြစ်နေကြလေတော့၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အကြောင်းကံမလှတဲ့အခါ သမိုင်းဒဏ်ကို ပြန်ခံဖို့သာ ပြင်ဆင်ထား ကြပေတော့လို့ သတိပေးရင်း...။

(မေ ၁၇ ရက်နေ့ထုတ်၊ အတွဲ (၂) အမှတ်စဉ် ၁၃၊
သည်လေဒီးစ် နယူးစ်ဂျာနယ် ။)

ကျေးဇူးတင်ပါသည်။
The Ladies News Journal

ACM Credit To:The Ladies News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top