0

ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့ ၂၀၁၄ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်များပါ။ အခုလိုပြောပြပေးတဲ့အတွက် ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

ဒီကနေ့အတွက် ကန့်လန်ကာအဖွင့်.....

၂၀၁၄ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အောတောင်ပိုင်း နဲ့ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် သာယာနေပါတယ်။ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်
တောင်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်ပေါ်နှိုင်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့တောင်ပိုင်းဒေသများ အတွင်းသို့ ရေငွေ့ပါဝင်သောလေများ ဆက်လက် ၀င်ရောက်လျက် ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ် ရှိနှိုင်ပြီး၊ ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၂)ပေခန့်နဲ့ ကျန် မြန်မာ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁)ပေခန့် ရှိနှိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ ။
နေ့အပူချိန်များဟာ မကွေးတိုင်းဒေသကြီးတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊? ပဲခူးတိုင်းဒေသကြီး၊ တို့တွင် နေ့အပူချိန်များဟာ 40°C – 43°C ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ နဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် နေ့အပူချိန်များဟာ 35°C - 39°C ခန့်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တို့တွင် 31°C - 34°C ခန့် ရှိနှိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက်ကျော်လွန်နေသောတန်ဘိုးများကို မြန်မာတစ်နှိုင်ငံလုံး ကျရောက်နှိုင်ပါသည်။ အထူးသဖြင့် ကော့သောင်းမြို့(၁၄.၄) ၊ ထားဝယ် (၁၄.၁)၊ မော်လမြိုင် (၁၃.၀)၊ ရန်ကုန်(၁၄.၁) ၊ နေပြည်တော်(၁၄.၂) ၊ မကွေး(၁၄.၃)။ မန္တလေး(၁၃.၅) နဲ့ မြစ်ကြီးနား (၁၂.၃) တို့တွင်လည်းကောင်း ရောက်ရှိနေနှိုင်ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရိတိုင်းဒေသကြိး တို့တွင် မိုးတိမ်တောင် အနည်းငယ် ဖြစ်ပေါ်နှိုင်ပါသည်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
တနင်္သာရီတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တို့မျာနေရာကွက်ပြီး မိုးထစ်ချုန်းရွာနှိုင်ပါတယ်။ ရွာရန် ရာနှုန်း(၆၀) ဖြစ်ပါတယ်။ နေပြည်တော်တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ရခိုင်ပြည်နယ် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်တပြည်လုံး တွင် အများအားဖြင့် သာယာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

Aye Chan Mon# Credit To :Popular Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top