0

အတွဲ (၂) အမှတ်စဉ် ၁၃၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျောက် တန်းများတွင် တရုတ်က လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေသည့် ဓာတ်ပုံများအား ဖိလစ်ပိုင်က ကြာသပတေးနေ့တွင် ထုတ်ဖော်ပြသလိုက်သည်။ ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့က ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် တောင်ပိုင်းဂျွန် ဆင်ကျောက်တန်းတွင် တရုတ်က လေယာဉ်ပြေးလမ်းတည်ဆောက် ဖွယ်ရှိသည်ဟု ဖိလစ်ပိုင်က သတိ ပေးပြောကြားလိုက်သည်။ ဖိလစ်ပိုင်က ထုတ်ဖော်ပြသည့် ဓာတ်ပုံများ တွင် တရုတ်က မြေဖို့ခြင်းလုပ်ငန်းများ အကြီးအကျယ်လုပ်ဆောင်နေပုံ ပါဝင်သည်။
““ဖိလစ်ပိုင်ထောက်လှမ်းရေးက ရရှိတဲ့ ဒီဓာတ်ပုံတွေမှာ တရုတ်က မာဘီနီ(တောင်ပိုင်းဂျွန်ဆင်)ကျောက်တန်းမှာ အကြီးအကျယ်မြေဖို့နေတာ တွေ့ရမှာပါ။ ဒါဟာ တောင်တရုတ် ပင်လယ်ဆိုင်ရာပါတီများ၏ ဆောင် ရွက်မှုကြေညာချက် (DOC)နဲ့ နိုင်ငံ တကာဥပဒေတွေကို ချိုးဖောက်နေတာပါ”” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေး ဌာနကဆိုသည်။
ဖိလစ်ပိုင်၏ ပြောကြားချက်အား တရုတ်က အတည်ပြုခြင်းမရှိသော်လည်း ထိုဒေသမှာ တရုတ်ပိုင်နက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်အား ဖိလစ်ပိုင်က သံတမန်ရေးအရ ကန့် ကွက်ဆန္ဒပြသွားမည်ဟုဆိုသည်။ တရုတ်က မြေဖို့လုပ်ငန်းများမှာ ထိုကျောက်တန်းတွင် အခြေစိုက်ထားသည့် တပ်ဖွဲ့များအတွက် အဆောက် အအုံပြင်ဆင်ခြင်း ဆောင်ရွက်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုကျောက်တန်းများသည် ကုလသမဂ္ဂသဘောတူညီချက်အရ ရေမိုင် ၂၀၀ စီးပွားရေးဇုန်အတွင်းတွင် ပါဝင်သည်ဟုဖိလစ်ပိုင်က ပြောကြား သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြယ်ဝသည်ဟု ယုံကြည်ထားသည့် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးအား ပိုင်ဆိုင်ကြောင်း တရုတ်က ကြေညာထားသည်။

KHTun

ACM Credit To:The Ladies News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top