0


ကျူးကျော်နေထိုင်သည့်ဟုဆိုကာ အင်အားသုံး ဖယ်ရှားခံခဲ့ရသည့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာ ဘကကျောင်းမှ ကျောင်းမဲ့ဖြစ်သွားသည့် ကိုရင်လေးများ ဆရာလေးများ ဒုက္ခများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

အထက်မြန်မာပြည်၏ ရာသီရတုမှာ ပူပြင်းလွန်းသဖြင့် နေ့လည်အချိန်တွင် ရှိုအတွင်းသို့ ဆင်းကာနေရကြောင်း သိရှိရပါသည်။ ထို့အပြင် သန့်ရှင်းသည့် သောက်ရေ သုံးရေမရှိပဲ ယင်လုံအိမ်သာလည်း မရှိသဖြင့် အရွယ်ရောက်ပြီး သီလရှင်များအနေဖြင့် အတိဒုက္ခရောက်နေကြောင်း အဆိုပါ ယာယီတဲများသို့ သွားရောက်ပြီး အကူအညီများပေးအပ်ခဲ့သည့် မချောချော (NLD) ထံမှ သိရှိရပါသည်။

အဆိုပါ ဘကကျောင်းမှာ အထူးသဖြင့် မိဘမဲ့ ချို့တဲ့ကလေးများအား ကိုရင် သီလရှင်ဝတ်ဖြင့် စာသင်ကြားပေးသည့်ကျောင်းဖြစ်ပြီး ကလေးအများစုမှာ ၁၀ နှစ်အောက် ကလေးများ ဖြစ်ကြသည်။ ကလေးများမှာ မြေကြီးပေါ်တွင် ဖျင်ခင်းနေရပြီး အပူပိုင်းဒေသတွင် မြွေနှင့် ကင်း အန္တရယ်လည်း များစွာရှိနေကြောင်း သိရှိရပါသည်။

အဆိုပါ ဘကကျောင်းအား ပြန်လည်နေရာချထားပေးရန် အစီအစဉ် ရှိမရှိ မန္တလေးတိုင်း သံဃာနယကအဖွဲ့အား ဖုန်းဖြင့် ဆက်သွယ်စုံစမ်းရာ ဆရာတော်ကြီးများမှ ဆုံးဖြတ်ချက်မရရသေးကြောင်း The Ladies သို့ ဖြေကြားခဲ့ပါသည်။ အဆိုပါကလေးငယ်များက လူဝတ်ပြန်လဲစေပြီး အစိုးရ လူမူဝန်ထမ်းမှ စောင့်ရှောက်ရန် အစီအစဉ်ရှိမရှိ မေးမြန်းရာ ၄င်းကိစ္စမှာ အာဏာပိုင်များ၏ ကိစ္စသာဖြစ်ကြောင်း၊ သာသနာရေးနှင့် မပတ်သက်ကြောင်း ဖြေကြားပါသည်။

ဓါတ်ပုံ - မချောချော

သတင်း - The Ladies News Journal

ACM Credit To:The Ladies News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/
 (14 photos)

Post a Comment

 
Top