ACM Re-Post 29-5-2014
အခုနှစ်ဆန်းကနေ မေလဆန်းအထိ ၄ လ အတွင်း ပြည်ပကြွေးမြီ အမေရိကန် ဒေါ်လာ သန်း ၈၀၀ နီးပါး တိုးလာတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံပါတယ်။
dollar1မေ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန် နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ကျော်သွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြည်ပအကြွေး အမေရိကန်ဒေါ်လာ သန်း ၉၅၀၀ ကျော်ရှိခဲ့ပြီး နောက်ပိုင်း ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (ဂျိုက်ကာ)ဆီက ဒေါ်လာ သန်း ၆၂၀ ကျော်၊ ပညာရေးဝန်ကြီးဌာန အတွက် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၊ လယ်ဆည်ဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ နဲ့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၃၆ သန်း ရယူဖို့ ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၁၅၆ သန်း ချေးငွေနဲ့ ပတ်သက်လို့ကတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးဖို့ လိုနေပါသေးတယ်။
Aye Chan Mon Credit To: DVB
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment