0

ACM Re-Post 29-5-2014

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို အငြင်းပွားဖွယ် ရယူခဲ့တဲ့ ဘီလီယံနာ မာလ်ကွန် ဂလေဇာဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ ကလပ်အသင်းရဲ့ ပရိသတ်တွေ ဆန္ဒပြနေတဲ့ကြားထဲကပဲ ဂလေဇာ မိသားစုတွေက ယူနိုက်တက်အသင်းကို ဗြိတိသျှ ပေါင်စတာလင် သန်း ၇၉၀ နဲ့ ၀ယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

သူပိုင်ဆိုင်မှုအောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံ ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် သူ လေဖြတ်သွားပြီးတဲ့နောက် ကလပ်အသင်းကို ထိန်းသိမ်းဖို့ သား ၂ ယောက်ကို တာဝန်ပေးခဲ့ပါတယ်။

မန်ယူအသင်းမှာ ဂလေဇာမိသားစုက ရှယ်ယာ ၉၀ ရာခိုင်နှုန်းရရှိခဲ့သလို ကလေး ၆ ဦးကို အညီအမျှ ခွဲပေးခဲ့ပြီး ၁၀ ရာခိုင်နှုန်းကတော့ နယူးယောက် စတော့အိပ်ချိန်းမှာ စာရင်းဝင်နေပါတယ်။

၂၀၀၃ နဲ့ ၂၀၀၅ မှာ မန်ယူရဲ့ ရှယ်ယာတွေကို တဖြည်းဖြည်းချင်း ဂလေဇာက ၀ယ်ယူခဲ့ပါတယ်။

ဂလေဇာမိသားစုတွေ မ၀ယ်ယူမီက ကလပ်အသင်းမှာ အကြွေးမရှိပေမယ့် အခုတော့ ပေါင် သန်း ၄၀၀ အကြွေးတင်နေပါတယ်။

ဖခင်သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာ ဂလေဇာဟာ မိသားစုရဲ့ နာရီ အစိတ်အပိုင်း လုပ်ငန်းကို တာဝန်ယူခဲ့ပါတယ်။ ဒီနောက်မှာတော့ တခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာပြီး ဟာလေ ဒေးဗစ်ဆင်၊ ဖော်မီကာ၊ အိုမီဂါ ပရိုတင်း စတဲ့ နိုင်ငံတကာကုမ္ပဏီနဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ တစိတ်တပိုင်းကိုလည်း ပိုင်ဆိုင်လာခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ မယ်လ်ကွန် ဂလေဇာမှာ သူရဲ့ မိန်းမ လင်ဒါ၊ ကလေး ၆ ဦးနဲ့ မြေး ၁၄ ဦး ကျန်ရစ်နေပါတယ်။

Aye Chan Mon Credit To: DVB
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top