ACM Re-Post 29-5-2014
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းယူဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရဲတပ်ဖွဲ့ဝင်များသည် အလစ်ဝင်ရောက်တိုက်ခိုက်မှုတစ်ခု
အတွင်း အလေးချိန် ၁ ဒသမ ၈ တန်ရှိသော ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည့်အပြင် အကြမ်းဖက်သမားဟုယူဆရသူ ငါးဦးကို
ဖမ်းဆီးနိုင်ခဲ့သည်ဟု ဒေသတွင်းသတင်းဌာနတစ်ခုက ထုတ်ပြန်ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုသည် ရှင်းကျန်းယူဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်ပိုင်းရှိ ဟိုတန်စီရင်စုတွင်ဖစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတိုက်ခိုက်မှုတွင်
ရဲတပ်ဖွဲ့ဝင်များသည်အက်ဘလစ်ဇ်ဒါဝတ် ဦးဆောင်သော အစွန်းရောက်ဝါဒီ အကြမ်းဖက် သမားအုပ်စုတစ်စုကို ဖမ်းဆီးနိုင်ခဲ့သည်။ အက်ဘလစ်ဇ်နှင့်
၎င်း၏အဖွဲ့သားများသည် မေ၂၂ ရက်တွင် အူရွမ်ချီမြို့ အတွင်းရှိ ဈေးတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူများ ဖြစ်ကြောင်း
ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
Source; Xinhua
ဘာသာပြန် David
Aye Chan Mon Credit To: http://www.mmanewsagency.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment