ဘီဘီစီ ACM Re-Post 29-5-2014
ဂူဂဲလ်ကုမ္ပဏီ (Google) သည် ကိုယ်ပိုင်မောင်းသူမဲ့ မော်တော်ကားများ စတင် ထုတ်လုပ်တော့မည် ဖြစ် ကာ အခြားမော်တော်ကား ထုတ်လုပ်သူများ တည်ဆောက်ထားခဲ့သော ကားများကို ပြုပြင်မွမ်းမံအဆင့်မြှင့် မည့်အစား ကိုယ်တိုင်ထုတ်လုပ်မည် ဖြစ်သည်ဟု မေလ ၂၈ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။
ဂူဂဲလ်က တည်ဆောက်မည့် ကားတွင် (ရပ်-သွား) ခလုတ်တစ်ခုပါရှိမည် ဖြစ်သော်လည်း လူကကိုင်တွယ် ထိန်းချုပ်ပေးရမည့် ကိရိယာများ၊ စတီယာရင်နှင့် ခြေနင်းခလုတ်များ ပါဝင်လိမ့်မည် မဟုတ်ပေ။
ဂူဂဲလ် မော်တော်ကား၏ ရုပ်ပုံများအရ ထိုကားမှာ မြို့များတွင် လက်ရှိ မောင်းနှင်နေကြသော ကားများနှင့် ပုံစံကွာခြားမှု သိပ်မရှိဘဲ လူများနှင့် အသားကျနေသည့် အသွင်သဏ္ဍာန်မျိုးဖြစ်ပြီး အလိုအလျောက် မောင်း နှင်ရေး မော်တော်ယာဉ် နည်းပညာကို လူများလက်ခံလာစေရန် ထိုအသွင်သဏ္ဍာန်မျိုး ဒီဇိုင်း ထုတ်ပြုလုပ် ထားခြင်း ဖြစ်သည်။
ထိုစီမံကိန်းအား ပူးတွဲ စတင်အကောင်အထည်ဖော်သူ ဆာဂေးဘရင်က မောင်းသူမဲ့ မော်တော်ကားများ ထုတ်လုပ်မည့် အစီအစဉ်များကို ကာလီဖိုးနီးယား၌ ကျင်းပခဲ့သော ကွန်ဖရင့်တစ်ခုတွင် ထုတ်ဖော် ပြောဆို ခဲ့ခြင်း ဖြစ်သည်။
“ဒီမော်တော်ယာဉ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ဒီစီမံကိန်း ကြောင့် ကျွန်တော်တို့အနေနဲ့ အလိုအလျောက် မောင်းနှင်ရေး နည်းပညာရဲ့ စွမ်းပကားတွေကို မြှင့်တင် ခွင့် ရရှိလာမှာဖြစ်ပြီးတော့ အကန့်အသတ်တွေကိုလည်း သဘောပေါက်လာမှာ ဖြစ်ပါတယ်” ဟု ဂူဂဲလ် မောင်းသူမဲ့ မော်တော်ယာဉ် တည်ဆောက်ရေးစီမံကိန်း ညွှန်ကြားရေးမှူး ခရစ်အမ်ဆန်က ဆိုသည်။
ထိုမော်တော်ကားများသည် လူများ၏ ခရီးသွားလာနိုင်စွမ်းကို မြှင့်တင်ပေးခြင်းအားဖြင့် လူများ၏ဘ၀များ ကို တိုးတက်စေနိုင်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။ သို့ရာတွင် ထိုနည်းပညာနယ်ပယ်တွင် အလုပ်လုပ် နေကြသော သုတေသီ တချို့သည် မောင်းသူမဲ့ မော်တော်ယာဉ် နည်းပညာ၏ အဆိုးဘက်ခြမ်းကို စူးစမ်း လေ့လာ နေကြသည်။
မောင်းသူမဲ့ မော်တော်ကား ပိုင်ရှင်များအနေဖြင့် ကားကို ကိုယ်တိုင်မောင်းနှင်စရာ မလိုတော့သောကြောင့် ထိုကားမျိုး အသုံးပြုသူများ ပိုမိုများပြားလာမည်ဖြစ်ရာ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေနှင့် မြို့များတွင် ဖရို ဖရဲဖြစ်မှုများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သုတေသီတချို့က ယုံကြည်နေကြသည်။
Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment