0
ကံ့ကော် ၊ ရန်ကုန်၊

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရန်ကုန်မြို့၌မေလ တတိယပတ် သို့မဟုတ်စတုတ္ထပတ်တွင် တွေ့ဆုံနိုင် ရန်UPWC ဒုဥက္ကဋ္ဌဝန်ကြီးဦးအောင် မင်းနှင့် NCCT ခေါင်းဆောင်းများ ညှိနှိုင်းလျက်ရှိကြောင်း UPWC ၏အကြီးတန်း အကြံပေးဦးလှမောင်ရွှေ ကယင်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

ဧပြီလဆန်းပိုင်းကပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် စစ် တပ်က ဦးဆောင်ပြီးဆွေးနွေးသည့် အ ချက်များနှင့် KIA တပ်ကို ထိုးစစ်ဆင် နေသည့်အချက်များကြောင့် မေလတွင် ပြုလုပ်မည့် အစည်းအဝေးကို ရက်အ ကန့် သတ်မရှိရွှေ့ဆိုင်းလိုက်သည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ဦး လှမောင်ရွှေကယင်း၏ဖေ့စ်ဘွတ်ခ် တွင် ယခုကဲ့သို့ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဧပြီလတွင်ပြုလုပ်ခဲ့သည့် တွေ့ ဆုံဆွေးနွေးပွဲပြီးနောက် NCCT ခေါင်း ဆောင်များသည် မေ ၂၈ရက်နှင့် ၂၉ ရက်တို့တွင် ချင်းမိုင်မြို့၌တွေ့ဆုံခဲ့ကြ ပြီးနောက် ယခုကဲ့သို့သတင်းများထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားအားလုံးတန်းတူအ ခွင့်အရေးမရဘဲ မြန်မာနိုင်ငံကိုဒီမိုက ရေစီနိုင်ငံဟုသက်မှတ်၍မရကြောင်း ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်ထည်ဖော်ရေးကော်မတီမှကို မြအေးကပြောသည်။

''တိုင်းရင်းသားအရေးဟာ သီး ခြားပြဿနာမဟုတ်ဘဲ ဒီမိုကရေစီအ ရေးနဲ့အတူတူပါ။တိုင်းရင်းသားအား လုံးတန်းတူအခွင့်အရေးမရဘဲ မြန်မာ နိုင်ငံကို ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ် လို့မရပါဘူး။ ကချင်ပြည်နယ်မှာဖြစ်နေ တဲ့စစ်ဟာ တခြားကမ္ဘာမှာဖြစ်နေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာပါ။ ကျွန် တော်တို့အားလုံးနဲ့ သက်ဆိုင်ပါတယ်။ စစ်ဘေးသင့်ဒုက္ခသည်တွေကို ဝိုင်းဝန်း ကူညီပေးဖို့ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ဒီစစ်ရပ် ဆိုင်းဖို့ဝိုင်းဝန်းကြိုးစားကြရအောင် တိုက်တွန်းချင်ပါတယ်''ဟု ကိုမြအေး ကပြောသည်။

ရှစ်လေးလုံးငွေရတုဆုံးဖြက်ချက် များအကောင်ထည် ဖော်ရေးကော်မ တီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဧပြီ ၃ဝ ရက်တွင် ထိုင်းနိုင်ငံမဲဆောက်မြို့တွင်တွေ့ဆုံခဲ့ ကြပြီးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top