Home
»
ပြည်တွင်းရေး
» လက်ပံတောင်းအကြမ်းဖက်နှိမ်နင်းခံရမှု ၁၇လပြည့် ဆုတောင်းပွဲပြုလုပ်
--------------------------------------------------------------------------
သတင်းထောက်များဖမ်းဆီးထောင်ချခံနေရမှုအပေါ် ကန့်ကွက်ဆန္ဒပြ
==========================================
မင်းဟိန်းထက် ၊ ရန်ကုန်၊
လက်ပံတောင်းအကြမ်းဖက် နှိမ်နင်းခံရမှု ၁၇ လပြည့် ဆုတောင်းပွဲ နှင့် သတင်းထောက်များအား ဖမ်းဆီး ထောင်ချနေမှုများကိုကန့်ကွက်သည့်ဆန္ဒပြပွဲကို ဧပြီ ၂၉ရက် ညနေ ၄နာရီ ခန့်တွင် မဟာဗန္ဓုလပန်းခြံအနီးတွင် လူအင်အား ၄ဝခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဆန္ဒပြရာတွင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းပြုလုပ်သည့် ဝမ်ပေါင်ကုမ္ပဏီအလိုမရှိ၊ ဖမ်းဆီးခံ သတင်းထောက်များပြန်လွှတ်ပေး စ သည့် စာတန်းများပါသည့် အင်္ကျီများ ဝတ်ဆင်ကာဆန္ဒပြခဲ့ကြပြီး ဆူးလေ ဘုရားပေါ်တွင် ဆုတောင်းပွဲပြုလုပ် ခဲ့ကြသည်။
''ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာ သာနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာတွေအ မြတ်တနိုးတန်ဖိုးထားတဲ့ ရဟန်းသံ ဃာတွေ၊ သိမ်ကျောင်းတွေကို ဖြိုခွဲခံ နေရတယ်။ နောက်နောင်ဒီလိုမျိုးမဖြစ် အောင် ဆုတောင်းပွဲလုပ်တာပါ''ဟု ဆန္ဒပြရာတွင် ပါဝင်သူဒီမိုကရေစီအင် အားစုအဖွဲ့မှ ကိုဌေးအောင်က ပြော သည်။
အဆိုပါဆန္ဒပြပွဲကို ဒီမိုကရေစီ အင်အားစုအဖွဲ့၊ ၄၃၆ ပြုပြင်ရေးကွန် ရက်နှင့် လူထုလှုပ်ရှားမှုကော်မတီတို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။ တိုင်းပြည်၏သဘာဝအရင်း အမြစ်များကို လူတစ်စု၏ ကောင်းစား ရေးအတွက် မိမိတို့လက်မခံကြောင်း၊ လက်ပံတောင်းတောင် စီမံကိန်းသည် စစ်အခွင့်ထူးခံစီမံကိန်းဖြစ်သောကြောင့် ကန့်ကွက်ကြောင်း၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့် ပတ်သက် ပြီး တာဝန်ခံကတိများကို မဆောင် ရွက်နိုင်ပါက စီမံကိန်းကို ဖျက်သိမ်း ပေးရန်နှင့် အာဏာပိုင်တို့က ဖိအား ပေးကာစီမံကိန်းကို ဆက်လက်ဆောင် ရွက်ပါက လက်ပံတောင်းတောင်ဒေသ ခံများနှင့်အတူ ခုခံကန့်ကွက်သွားမည် ဖြစ်ကြောင်းအစရှိသည့် သဘောထား ကြေညာချက်များကို ဒီမိုကရေစီအင် အားစုအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
Aye Chan Mon# Credit To : Yangon Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.