0

ACM Re-Post 29-5-2014
Author: အောင်သူရ၊ အိဖြူမွန်

လွန်ခဲ့သည့် သုံးလခန့်က တစ်စင်းလျှင် အမေရိကန်ဒေါ်လာ တစ် သန်းကျော်တန်သည့် ဒုံးကျည် လေးစင်းကို မြန်မာ့တပ်မတော်က ပစ်ခတ်ခဲ့သည်။ မိုးကုပ်စက်ဝိုင်း အလွန်ပစ်မှတ်ကို မှန်အောင်ပစ် နိုင်သဖြင့် ကျည်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် တန်ခြင်းဖြစ်သည်။

ထိုပစ်ခတ်ခြင်းသည် မြန်မာ့ ရေတပ်မတော်၏ စစ်ရေးလေ့ ကျင့်မှုဖြစ်သည်။ ထိုစစ်ရေးလေ့ ကျင့်မှုသည် နှစ်ပေါင်းနှစ်ဆယ်အ တွင်း မြန်မာ့ရေတပ်မတော်၏ အ ကြီးမားဆုံးစစ်ရေးလေ့ကျင်မှုဖြစ် ကြောင်း တပ်မတော်အသိုင်းအ ၀ိုင်းကဆိုသည်။

စစ်ရေးလေ့ကျင့်ပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်က အာရှ၊ ပစိဖိတ်ဒေသသည် ကမ္ဘာပေါ်တွင် အရေးပါသော နေရာဒေသ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း အာရှ၊ ပစိဖိတ်ဒေသကို ထိန်းချုပ်ရာတွင် မဟာဗျူဟာအရ ဆက်စပ်အရေးပါ ကြောင်း၊ နိုင်ငံတော်၏ ရေပြင်၊ လေပြင်၊ မြေပြင်ပိုင်နက်သုံးခုလုံး အား သူ့နေရာနှင့်သူ ထိန်းသိမ်း ကာကွယ်နိုင်ရန်လိုကြောင်း ပြော ကြားခဲ့သည်။

ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် လက်ထက် တွင် မြန်မာ့တပ်မတော်(ရေ)ကို သိသိသာသာတိုးချဲ့လာခြင်းဖြစ် သည်။ လက်ရှိ ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်လက်ထက်တွင် တရုတ်၊ ဂျ ပန်၊ အိန္ဒိယ၊ ရုရှနိုင်ငံတို့မှ စစ်သင်္ဘောများမြန်မာနိုင်ငံသို့ လာ ရောက်ခဲ့ကြပြီး ရေတပ် အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုများရှိ ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ်ရေတပ်မတော်မှ စစ်သင်္ဘောများလည်း လာရောက်ခဲ့ပြီး ငါးလတာကာလအတွင်း စစ်သင်္ဘောရှစ်စီးခန့်လာရောက်ခဲ့သည်။

ထို့အပြင် ရေဒါဖမ်း၍ မရ သော ဖရီးဂိတ်တိုက်ရေယာဉ်တစ် စီးနှင့် မြန်နှုန်းမြင့် တိုက်ရေယာဉ် တစ်စီးလည်း မကြာသေးမီက ရေချခဲ့သည်။

‘‘မြန်မာ့ရေပိုင်နက်ကို လုံခြုံ စွာကာကွယ်ဖို့က ရေတပ်ကိုမတိုး ချဲ့လို့မရတော့ဘူး’’ဟု ကာကွယ် ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ် ဦးကပြောသည်။

ရခိုင်စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာတွင်လည်း ရေတပ် အင်အားကို မဖြစ်မနေ တိုးချဲ့ရ မည့်အပြင် ကမ်းခြေစောင့် ရဲတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းချထားပြီး ကင်းလှည့်တိုက်ခိုက်ရေယာဉ် များကို ထုတ်ပေးကာ ရေတပ်နှင့် ပူးပေါင်းကင်းလှည့်ခြင်းများ ဆောင်ရွက်သင့်ကြောင်း အကြံပြု ထားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် များတွင် ကြည်းတပ်ကိုသာ အဓိ ကထားတိုးချဲ့ခဲ့ပြီး ရေတပ်နှင့် လေတပ်အားတိုးချဲ့ခြင်းမပြုလုပ် ခဲ့ပေ။

နိုင်ငံတကာခုံရုံး အဆုံးအ ဖြတ်ရယူဆုံးဖြတ်ခဲ့ရသည့် ၂၀၀၈ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့ ကြား ရေပိုင်နက်အငြင်းပွားမှုဖြစ် ပြီးနောက် မြန်မာ့ရေတပ်မတော်အား မဖြစ်မနေတိုးချဲ့ရန်သဘောပေါက်ခဲ့သည်ဟု မြန်မာရေတပ်မတော်မှ အရာရှိကြီး တစ်ဦးကပြောသည်။

ထို့ကြောင့်လည်း ထိုအချိန် က ဘင်္ဂလားဒေ့ရှ်နှင့်ရေပိုင်နက် အငြင်းပွားမှုအား နိုင်ငံတကာခုံရုံး အဆုံးအဖြတ်ရယူကာ ဆုံးဖြတ်ခဲ့ ရသည်။

ထို့နောက်ပိုင်းတွင် ရေတပ် အင်အား တိုးချဲ့ရန်အတွက် တရုတ်နိုင်ငံမှ ရေဒါဖမ်း၍မရသော ဖရီးဂိတ်တိုက်ရေယာဉ်နှစ်စီးဝယ် ယူခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ တွင်လည်း ဖရီးဂိတ် တိုက်ရေ ယာဉ်များတည်ဆောက်ပြီး နှစ်စီး ရေချခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများ ၏ အာရှပစိဖိတ်ဒေသကိုစိတ်ဝင် စားမှုမြင့်တက်လာခြင်းကြောင့် အိန္ဒိယသမုဒ္ဒရာမှာ အဓိက အလယ်ဗဟိုနေရာဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့ သို့ အခြေအနေမျိုးတွင် မိမိအမျိုး သား လုံခြုံရေးအတွက် ရေတပ်ကို အဓိကတိုးချဲ့ရမည်ဟု တပ်မ တော်အရာရှိဟောင်းတစ်ဦးက သုံးသပ်သည်။

မြန်မာအစိုးရအနေဖြင့် မ လေးရှားလေယာဉ်ပျက်ရှာဖွေရာ တွင် ဒေသတွင်းနိုင်ငံရေတပ်မှအ သုံးပြုသည့် စစ်သင်္ဘောများနှင့် နည်းပညာများကို တွေ့မြင်သိရှိ ပြီးနောက်မြန်မာ့တပ်မတော်ရေ အား တိုးချဲ့ရန်ပိုမိုထင်ရှားစေခဲ့ သည်ဟု အထက်ပါ အရာရှိကဆိုသည်။

‘‘ရေပိုင်နက်ကို ထိထိရောက် ရောက် ကာကွယ်ပေးဖို့ တော် တော်လုပ်ရဦးမှာပါ။ ကမ်းခြေ စောင့်ရေယာဉ်တွေလိုနေပါသေး တယ်’’ဟု မြန်မာ့တပ်မတော်(ရေ) အရာရှိဟောင်းတစ်ဦးဖြစ်သူ ဦး ကျော်မြဦးကပြောသည်။

လက်ရှိ မြန်မာ့တပ်မတော် တွင် အမြင့်ဆုံးဖရီးဂိတ်တိုက်ရေ ယာဉ်သာရှိပြီး အဆင့်မြင့်ရေတပ် ဖြစ်လိုပါက Bittle Ship Aircraft Carrier Cruiser Destroyer စစ် ရေယာဉ်များတိုးချဲ့ရန် လိုအပ်သည်ဟု မြန်မာ့တပ်မတော်ရေမှ အရာရှိဟောင်းတစ်ဦးက ပြောသည်။

တပ်မတော်(ရေ)တပ်ဖွဲ့ဝင်များ ရေယာဉ်ပေါ်တွင် အလေးပြုနေစဉ် (ဓာတ်ပုံ − myanmar navy facebook)

Aye Chan Mon Credit To:7daydaily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top