0


ACM Re-Post 29-5-2014
Author: ထွန်းခိုင်
အောင်ခိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်စုက ဖမ်းဆီးထားသည့် ဒေသခံ ၂၅ ဦးအရေးနှင့်ပတ်သက်၍ တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ဝင်များအကြား အခြေ အနေတင်းမာလျက် ရှိသည်။

ကွတ်ခိုင်မြို့နယ် လော်ခုံ ကျေးရွာနှင့် မန်နီးကျေးရွာတို့မှ ပလောင်တိုင်းရင်းသား ၂၅ ဦး သည် မေလ ၂၁ ရက် ညတွင် တအောင်း/ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) နှင့် ကချင်လွတ်မြောက် ရေး တပ်မတော် (KIA) ပူးပေါင်း တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း အရှေ့မြောက်တိုင်း စစ် ဌာနချုပ်(ရမခ) မှ ထိပ်တန်းအရာ ရှိတစ်ဦးကပြောသည်။

လော်ခုံကျေးရွာမှ ဒေသခံ ဆယ်ဦးသည် မေလ ၂၁ ရက် ည ၉ နာရီခွဲခန့်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး မန်နီးကျေးရွာမှ ဒေသခံ ၁၅ ဦးသည် မေလ ၂၁ ရက် ည ၁၀ နာရီခွဲခန့်တွင် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ကြောင်း အဆိုပါ ဒေသ ဆိုင်ရာစစ်ဘက်အရာရှိက ပြော သည်။ ‘‘သူတို့ပြန်လွတ်ဖို့ တပ်မ တော်ဘက်က စစ်ကြောင်းတွေနဲ့ လိုက်နေတယ်။ ပြန်လွှတ်ပေးဖို့ လည်း အကြောင်းကြားစာပို့ ထား ပြီးပြီ။ ပြန်စာတော့ မရသေးဘူး’’ ဟု ရမခမှ ထိပ်တန်းအရာရှိတစ် ဦးက ပြောသည်။

အဆိုပါ ရွာသား ၂၅ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ စွပ်စွဲချက်များ ကို PSLF/TNLA က ငြင်းဆို လိုက်ပြီး ရွာသားများ ပျောက်ဆုံးမှုမှာ ၎င်းတို့လက်ချက်မဟုတ် ကြောင်း PSLF/TNLA ၏ ပြန်ကြားရေးတာဝန်ခံက ပြောကြား သည်။ ‘‘သတင်းကတော့ အမျိုး မျိုး ထွက်နေတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ဖမ်းထားတာတော့ မဟုတ်ဘူး။ အခုတစ်လော တိုက် ပွဲဖြစ်တာလည်း မရှိဘူး’’ ဟု PSLF/TNLA ၏ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

Aye Chan Mon Credit To:7daydaily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top