ACM Re-Post 29-5-2014
Written by: စိုးမင်းထိုက်၊ မျိုးမင်းထက်
အမျိုးသားလွှတ်တော်မှ အတည်ပြုထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအား ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့ကြောင်း မေ ၂၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
အဆိုပါဥပဒေတွင် အမျိုးသားလွှတ်တော်က အတည်ပြုထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂/
အမျိုးသားလွှတ်တော်မှ အတည်ပြုထားသည့် အချက်ငါးချက်တွင် ပြည်သူ့လွှတ်တော်က အဆိုပါ အချက်တစ်ချက်သာ ပြင်ဆင်ခဲ့ပြီး ကျန်သည့်အချက်များအား အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်းသာ အတည်ပြုခဲ့သည်။
အမျိုးသားလွှတ်တော်မှ အသစ်ထပ်မံ ဖြည့်စွက်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၄ ခုနှစ်) မပြဋ္ဌာန်းမီ မူလနိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တည်ရှိခဲ့သည့် နိုင်ငံရေးပါတီများသည် ဤပြင်ဆင်သည့် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီနှင့် ပါတီဝင်များ ဖြစ်သည်ဟု မှတ်ယူရမည်။ ယင်းပါတီများကို ဤပြင်ဆင်သည့် ဥပဒေနှင့်အညီ ပြင်ဆင်လုပ်ကိုင် ဆောင်ရွက်ရန်အတွက် သင့်တော်သည့် အချိန်ကာလတစ်ခုကို ကော်မရှင်က ညှိနှိုင်းသတ်မှတ် ပေးရမည်ဟု ထည့်သွင်းထားချက်ကိုလည်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ပြည်သူ့လွှတ်တော်က ဥပဒေကိုပြင်ဆင်တဲ့ ၂၀၁၄ ခုနှစ်ဆိုတာကို ပယ်ဖျက်ထားတယ်။ အမှန်တော့ ပြဋ္ဌာန်းတဲ့ ခုနှစ်ပါရင် ပိုကောင်းတာပေါ့” ဟုဆိုသည်။
အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ပေးပို့ချက်များကို ဆွေးနွေးမည့် ကိုယ်စားလှယ်များသည် ဇွန် ၂ ရက် နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးပါတီ တည်ထောင်လိုသူများသည် နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ရှိရမည်ဟု ပြင်ဆင်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအား မတ် ၂၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။
အဆိုပါဥပဒေအား အတည်ပြုနိုင်ရန်အတွက် ဥပဒေကြမ်းကော်မတီက မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄) အရ အမျိုးသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားသို့ ပြောင်းလဲလျှောက်ထားရမည်ဖြစ်ကြေ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များဖြစ်သည့် နိုင်ငံရေးပါတီ တည်ထောင်လိုသူများ အနေဖြင့် ပါတီတည်ထောင်လိုသူ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ဟု ပြင်ဆင်အတည်ပြုခဲ့သည်။
ထို့အပြင် နိုင်ငံရေးပါတီများ အနေဖြင့် ပါတီဝင်များအဖြစ် စည်းရုံးရာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ (သို့မဟုတ်) ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်းအစား ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံ ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတို့ကို ပယ်ဖျက်ပြီး “နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “နိုင်ငံရေးပါတီ တည်ထောင်တာတို့ ပါတီဝင်တို့ဆိုတာ နိုင်ငံသားပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ နိုင်ငံသားမဟုတ်ရင် နိုင်ငံအပေါ် သစ္စာစောင့်သိတာတို့ ဆိုတာတွေကို ဘယ်လိုယုံကြည်ရမလဲ။ အစဉ်အဆက် နိုင်ငံသားဖြစ်ခဲ့သူတွေကသာ ကိုယ့်နိုင်ငံအပေါ် သစ္စာစောင့်သိကြမှာပါ။ နိုင်ငံသားဖြစ်တယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိရမယ်။ အမျိုးသားမှတ်ပုံတင်လက်မှတ်နဲ့ လွှတ်တော်ထဲမှာတောင် ရှိနေတယ်။ ဒါတွေက မဖြစ်သင့်ဘူးလေ။ ဒါကြောင့် ဒီဥပဒေကို ပြင်ဆင်ဖို့ အဆိုပြုခဲ့တာပါ” ဟု ပြောကြားသည်။
-
Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment