0


ACM Re-Post 29-5-2014
Author: အောင်သစ်လွင်

ဘူးသီးတောင်နှင့် မောင်တောနယ်စပ်လုံခြုံရေး အသုံးပြုရန်အတွက် ရဲလုပ်ငန်းသုံးကားအစီးရေ (၄၅)စီးတိုးမြှင့် ချထားပေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲတပ်ရင်းများ ကွပ်ကဲမှုဦးစီးဌာနမှ သတင်းရရှိသည်။

‘‘နယ်စပ်လုံခြုံရေးအတွက် ဖွဲ့စည်းပုံအတိုင်းပြည့်မီအောင် ထောက်/ကူပစ္စည်းတွေချထား ပေးတာပါ။ ပြီးခဲ့တဲ့နှစ်ပတ် လောက်က နယ်စပ်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်လည်း လုံခြုံရေးကိုတိုးမြှင့်ချထားပါတယ်’’ဟု ရဲတပ်ရင်းများကွပ်ကဲမှုဦးစီးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဘူးသီးတောင်နှင့်မောင် တောနယ်စပ်လုံခြုံရေးဆောင် ရွက်ရန် နယ်ခြားစောင့်လုံခြုံရေးရဲတပ်ဖွဲ့ဌာနအောက်တွင်တပ် ရင်းလေးရင်းဖြင့်ဖွဲ့စည်းထားပြီး နယ်စပ်ခြံစည်းရိုးတစ်လျှောက် ၂၄ နာရီကင်းလှည့်နေကြောင်း အမှတ်(၁)နယ်ခြား စောင့်ရဲတပ် ရင်းများမှသတင်းရရှိသည်။

နယ်ခြားစောင့်လုံခြုံရေးရဲ တပ်ဖွဲ့အတွက် Myanmar Double Cab နှင့် Myanmar Single Cab အမျိုးအစား (၄၅)စီး လက်ခံရန်ရှိသော်လည်း မေလ ၂၇ ရက်အထိ ၃၉စီးသုံးစွဲနေပြီ ဖြစ်ကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဘူးသီးတောင်သို့ တင်ပို့မည့် ရဲကားများကို ဇာတ်ရေယာဉ်ပေါ်၌ တွေ့ရစဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့)

Aye Chan Mon Credit To: http://7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top