0

မြစ်ကြီးနား၊ACM Re-Post 30-5-2014

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရနှင့် ကေအိုင်အိုတို့၏ မေလ ၁၃ ရက် ဆွေးနွေးပွဲအပြီး ဖွဲ့စည်းလိုက်သည့် ပဋိပက္ခ စောင့်ကြည့် လေ့လာရေးအဖွဲ့မှ နှစ်ဖက် အဖွဲ့ဝင်များ မေလ ၂၈ ရက်က ပထမဆုံး အကြိမ်အဖြစ် မြစ်ကြီးနားမြို့ ကေအိုင်အို နည်းပညာရုံးတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးအင်ရှန်းဆန်အောင်က ပြောကြားသည်။

နှစ်ဖက်အဖွဲ့ဝင်များ ပါဝင်သည့် ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့၏ ပထမဆုံးအကြိမ် ဆွေးနွေးပွဲတွင် လက်ရှိပဋိပက္ခများ ဖြစ်ပွားလျက်ရှိသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ကိစ္စများကို ဆွေးနွေးနိုင်ရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အဖွဲ့ဝင်တစ်ဦး ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့တွင် ထပ်မံပါဝင်နိုင်ရေးနှင့် နှစ်ဖက် အဖွဲ့ဝင်များကြား ဆက်သွယ်ရေး ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြပြီး အခြားထူးခြား ဖြစ်စဉ် ဆွေးနွေးမှု မရှိကြောင်း ယင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနေ့က နှစ်ဖက်အဖွဲ့ဝင်တွေ အလုပ်စလုပ်တဲ့ သဘောပေါ့။ ကေအိုင်အိုဘက်က အဖွဲ့ဝင်တွေအနေနဲ့ ကေအိုင်အို နည်းပညာရုံးမှာ အချိန်ပြည့် ရုံးထိုင်ပြီး အစိုးရဘက် အဖွဲ့ဝင်တွေ့ကတော့ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်ရဲ့ရုံးမှာ အချိန်ပြည့် ရုံးထိုင်မယ်” ဟု ၎င်းကဆိုသည်။

ပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့အနေနှင့် လစဉ် လ၏ ပထမပတ်တွင် နှစ်ဖက်အဖွဲ့ဝင်များ ပုံမှန်တွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေးသွားမည် ဖြစ်သော်လည်း ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် လိုအပ်ပါက အချိန်မရွေး တွေ့ဆုံဆွေးနွေး သွားမည်အကြောင်း နှစ်ဖက် အဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

ပထမဆုံးအကြိမ် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ အစိုးရဘက်မှ အဖွဲ့ဝင်များ ဖြစ်သည့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူးတစ်ဦး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီး ပထမတန်း အရာရှိ (G- 1) တစ်ဦးတို့ တက်ရောက်ခဲ့ပြီး အခြားအဖွဲ့ဝင် တစ်ဦးဖြစ်သူ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်မှူးတစ်ဦးမှာ သင်တန်းကိစ္စဖြင့် တက်ရောက် နိုင်ခဲ့ခြင်း မရှိကြောင်၊ ကေအိုင်အိုဘက်မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးတို့ ပါဝင်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top