0

မောင်မန်း| ACM Re-Post 30-5-2014

ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ကိုင်ခွင့်ရ အော်ပရေတာများကို ကြီးကြပ်ကွပ်ကဲရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက လုပ်ဆောင်သွားမည်ဖြစ်ရာ လိုအပ်သည့် အကြံပြုချက်များ ပေးနိုင်ရန် ပြည်တွင်းနှင့် ပြည်ပ အကြံပေးအဖွဲ့နှစ်ခုကို ခေါ်ယူသွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က မေ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဆက်သွယ်ရေးလုပ်ငန်းများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အပါအ၀င် ပြည် တွင်းအော်ပရေတာ နှစ်ခု နှင့် ပြည်ပအော်ပရေတာ နှစ်ခုက လုပ်ကိုင်မည်ဖြစ်ရာ ယင်းတို့ကို ကြီးကြပ်ရန် အကြံပေးအဖွဲ့များကို ခေါ်ယူသွားခြင်းဖြစ်သည်။

ဦးသန်းထွန်းအောင်က“ပြည်တွင်း ပြည်ပအော်ပရေတာတွေကို ကြီးကြပ်ကွပ် ကဲတဲ့နေရာမှာ ၀န်ကြီးဌာနနဲ့ တွဲပြီး လုပ် ကိုင်ဖို့ ပြည်တွင်း၊ ပြည်ပက အကြံပေးအဖွဲ့ နှစ်ဖွဲ့ခေါ်ယူထားပါတယ်”ဟု ဆိုသည်။အကြံပေး အဖွဲ့အဖြစ် ဆောင်ရွက်မည့် ပြည်တွင်းနှင့် ပြည်ပအဖွဲ့များအနေဖြင့် ဇွန်လ ၉ ရက် နောက်ဆုံးထားပြီး ဆက် သွယ်ရေးနှင့် သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန သို့ လျှောက်လွှာများတင် သွင်းနိုင်မည်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီး ဌာန၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာနသည် ပြည်တွင်းနှင့် ပြည် ပမှ အကြံပေးအဖွဲ့များ ခေါ်ယူခြင်းကြောင့် အော်ပရေတာများကို ကြီးကြပ်ရာတွင် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီပြီး မြန်မာ နိုင်ငံနှင့် သင့်လျော်မည့် စည်းမျဉ်းများကို ထုတ် နိုင်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်း ရေးမှူး ဦးမင်းဦးက မဇ္ဈိမကို ပြောသည်။

ဦးမင်းဦးက“နိုင်ငံတကာနဲ့ ပြည်တွင်း အကြံပေးအဖွဲ့နှစ်ခု ခေါ်တာဆိုတော့ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီ ပြီး မြန်မာနိုင်ငံအတွက် သင့်လျော်မယ့် အဖြေတစ်ခုကို ထုတ်နိုင်မှာဖြစ်ပါတယ်”ဟု ဆိုသည်။ပြည်တွင်း၊ ပြည်ပမှ အကြံပေးအဖွဲ့များ သည် အဖွဲ့၏နောက်ခံသမိုင်း၊ လုပ်ငန်း ဆောင်ရွက်မည့် ရည်ရွယ်ချက်၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ စီမံဆောင်ရွက်ထား မှုများ၊ ငွေပေးချေမှု ပုံစံနှင့် လုပ်ငန်းဆောင် ရွက်မှု အရည်အသွေးများကို ဖော်ပြရမည် ဖြစ်ပြီး စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) ကို တင်ပြရမည်ဖြစ်သည်။

လျှောက်လွှာတင်သွင်းရန် အသေးစိတ် အချက်အလက်များ ဖော်ပြထားသည့် (Term of Reference- TOR) နှင့် စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) တို့ကို ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ၀က်ဘ်ဆိုဒ်www.mcit.gov.mm တွင် လေ့လာနိုင်မည် ဖြစ်သည်။

Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top