0


ဖြိုးဝေလင်း ACM Re-Post 30-5-2014

အောင်ဇေယျလမ်းအတိုင်း မောင်းနှင်လာသည့် တီအီးကုန်တင်ယာဉ်သည် အရှိန်လွန်ကာ ဆိုင်ကယ် တစ်စီးကို နောက်မှဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်နောက်မှ ထိုင်စီးလာသူ အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးမှာ ကားကြိတ်သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၈ ရက်၊ မွန်းလွဲ ၃နာရီဝန်းကျင်က သုံးခွမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

“သေတဲ့အမျိုးသမီးက အောင်ပန်းစိန်ရွာမှာရှိတဲ့ အထကခွဲ ကျောင်းအလယ်တန်းပြ ဆရာမလေး၊ သူစီးလာ တဲ့ ဆိုင်ကယ်ကို နောက်က၀င်တိုက်တော့ သူက ကားရှေ့ဘီးနဲ့ငြိပြီး တရွတ်တိုက်ပါသွားပြီး ကြိတ်မိတာ။ ယာဉ်မောင်းကိုတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါ” ဟု သုံးခွမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦး က ပြောသည်။

ဖြစ်ပွားပုံမှာ ရဲဝင်းနိုင် မောင်းနှင်လာသည့် ဆိုင်ကယ်နောက်တွင် မစန်းစန်းဆွေ (၂၇)နှစ် လိုက်ပါ စီးနင်း လာခဲ့ပြီး အနန္ဒဂုဏ်ရည် ပုံနှိပ်တိုက်ရှေ့အရောက် အရှိန်လွန်လာသည့် တီအီးကုန်တင်ယာဉ် တစ်စီးမှာ ယင်းဆိုင်ကယ်ကို နောက်မှဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

တီအီးကုန်တင်ယာဉ် ၀င်တိုက်သဖြင့် မစန်းစန်းဆွေမှာ တီအီးကားရှေ့ဘီးဖြင့် တရွတ်တိုက်ပါသွားပြီး လက်ရွေးစင် (၂) သံဆိုင်ရှေ့အရောက်တွင် ကားဘီးဖြင့် ကြိတ်မိပြီး ၀ဲဘက်ခြမ်း ၀မ်းဗိုက်အောက်ပိုင်း ကြေမွ၊ ၀ဲလက်နှင့် ဦးခေါင်းမျက်နှာကြေမွ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်မောင်းနှင်သူမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအများအပြား ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံ ကြီး၌ တက်ရောက်ကုသနေပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူကို အရေးယူပေးပါရန် ဒု-ရဲအုပ် မျိုးသန့်ဇင်၏ တရားလိုပြုတိုင်တန်းချက်ကို သုံးခွမြို့မရဲစခန်းက (ပ) ၁၈/၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ဖြင့် အမှုဖွင့် ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းလျက်ရှိသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top