0


ရန်ကုန်၊ ACM Re-Post 30-5-2014

မော်တော်ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ဖြတ်သန်း ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းအားလုံး ရန်ကုန်မြို့တော်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံတွင် တစ်ရက်တာ မွမ်းမံသင်တန်း မဖြစ်မနေ တက်ရောက်ရမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

တစ်ရက်ကြာ အဆိုပါ သင်တန်းကို မေလ ၃၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မော်တော်ယာဉ်လိုင်းများ အခက်အခဲ မရှိစေရန် အတွက်လည်း ညှိနှိုင်းဆွေးနွေးပြီး ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“မထသတို့ အဝေးပြေးယာဉ်လိုင်း တို့နဲ့ ညှိနှိုင်းပြီးသွားပါပြီ။ ခရီးသည်တင်ယာဉ်လိုင်းတွေအတွက်ပါပဲ။ ကိုယ်ပိုင် ယာဉ်မောင်းတွေမပါဘူး” ဟု ၎င်းင်းကပြော ဆိုသည်။

ယင်းမွမ်းမံ သင်တန်းတွင် မေးခွန်း ၁၀၀ ဖြေဆိုရမည် ဖြစ်ပြီး မျက်စိစမ်းသပ်ခြင်း၊ စိတ်အခြေအနေ စစ်ဆေးခြင်းနှင့် ကိုယ်လက်အင်္ဂါ စစ်ဆေးခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သင်တန်း တက်ရောက်ရမည် ဆိုခြင်းကို မသိသေးကြောင်း၊ အကြောင်းကြားခြင်းလည်း မရှိသေးကြောင်း ရွှေမန္တလာ ရန်ကုန်-မန္တလေး အဝေးပြေး ယာဉ်လိုင်းမှ ဂိတ်မှူး ဦးအောင်မြင့်ဆွေက ပြောကြားသည်။

ယင်းသင်တန်းများကို မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး (ဗဟို) ကလည်း သုံးလလျှင် တစ်ကြိမ်ခန့် ပြုလုပ်လျက်ရှိပြီး ခရီးသည်တင် ယာဉ်မောင်းများ ပါဝင်ကြောင်း အဆိုပါဌာန ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းက ပြောဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ် မတ်လအတွင်းမှ စတင်၍ ယခုအထိ ငါးနှစ်ကျော်အတွင်း မော်တော်ယာဉ် မတော်တဆမှု ၇၃၂ မှု ဖြစ်ပွားခဲ့ရာမှ သေဆုံးသူ ၃၆၈ ဦး၊ ဒဏ်ရာရရှိသူ ၁၀၈၄ ဦး ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top