0

ACM Re-Post 30-5-2014

ရန်ကုန်၊ မေ ၂၉- တက္ကသိုလ်ဆရာ များသမဂ္ဂမှ ဦးဆောင်၍ မြန်မာ တစ်နိုင်ငံ လုံးရှိ ပညာရေးကဏ္ဍအစုံမှ ဆရာ၊ ဆရာမများ ပါဝင်သော ညီလာခံ တစ်ခုကို ယခုနှစ်အတွင်း ကျင်းပနိုင် ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါညီလာခံတွင် အဆင့် မြင့်ပညာ၊ အခြေခံပညာနှင့် ပုဂ္ဂလိက ပညာရေး ကဏ္ဍတို့မှ ဆရာ၊ ဆရာမ များအားလုံး ပါဝင်နိုင်စေ ရန် လုပ် ဆောင် သွား မည်ဖြစ်ကြောင်း၊ ယခု လ ၂၈ရက်နေ့တွင် တက္ကသိုလ်ဆရာ များသမဂ္ဂ အသင်းချုပ် ကို စတင်ဖွဲ့ စည်း လိုက်ပြီဖြစ်ပြီး နောင်လေးလ အကြာတွင် ဆရာများ ညီလာခံတစ်ခု ပေါ်ပေါက်လာစေရန်အတွက် ကြိုး ပမ်းမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာသမဂ္ဂမှ သိရသည်။

''အရင်က ဆရာများသမဂ္ဂကို အခြေအနေအရ စလုပ်ခဲ့ရတယ်။ ပညာရေးနဲ့ ဆရာ ဆရာမအရေး၊ ကျောင်းသားအရေးတွေကို ပိုကျယ် ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ နိုင်ငံတစ်ဝန်း လွှမ်းခြုံနိုင်ဖို့အတွက် အသင်းချုပ်ကို စလုပ်ဖြစ်တယ်။ နောင်လေး လကြာ ရင် ညီလာခံခေါ်နိုင်အောင်လုပ်မယ်'' ဟု ဆရာများသမဂ္ဂအသင်းချုပ်(ယာ ယီ)၏ ဒုဥက္ကဋ္ဌ ဦးဇော်မျိုးလှိုင်က ပြောသည်။

အဆိုပါညီလာခံဖြစ်မြောက်စေ ရန်အတွက် ဒေသအသီးသီးရှိ ဆရာ များသမဂ္ဂ အဖွဲ့များမှတစ်ဆင့် ဆရာ ကိုယ်စားလှယ်များကို စည်းရုံးဖိတ် ကြားသွား မည်ဖြစ်ကြောင်း သိရသည်။

''စည်းရုံးဖို့ လက်ရှိအနေ အထား အရ တက္ကသိုလ်တွေကို အခြေပြုပြီး တော့ လုပ်ဆောင်သွားမယ်။ အဲ့ဒီက နေ အခြေခံက ဆရာတွေရော၊ ပုဂ္ဂလိက ဆရာတွေကိုပါ စည်းရုံးသွားမယ်''ဟု ယင်းက ထပ်မံပြောသည်။ တက္ကသိုလ်ဆရာ အသင်းချုပ် ကို အလုပ်သမားဥပဒေအရဖွဲ့စည်း မည်ဖြစ်ပြီး ယာယီအဖွဲ့ချုပ်သည် ဆရာများညီလာခံဖြစ်မြောက်သည့် နေ့တွင် ပျက်ပြယ် သွားမည်ဖြစ် ကြောင်း သိရသည်။

''ခွင့်ပြုချက်အတွက် အလုပ် သမားမှတ်ပုံတင်အရာရှိချုပ်နဲ့ အ လွတ်သဘောပြော ထား တယ်။ ဒီ လို ဖွဲ့စည်းရတာကလဲ အနာဂတ် ပညာရေး၊ ဆရာကျောင်းသား အရေး တွေအတွက် အဓိကထားပြီးဖွဲ့တာ ပါ။ အဖွဲ့ချုပ်အဖြစ်ရပ်တည်နိုင်မှ ဆရာ တွေရဲ့စု စည်းညီညွတ်မှုနဲ့ ပညာရေး နိမ့်ကျနေမှုတို့ကို ကုစားနိုင်မှာပါ''ဟု အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါက် တာအာကာမိုးသူက ပြောသည်။

ညီလာခံကို လေးလအတွင်း စု စည်းရရှိနိုင်မည့် ဆရာကိုယ်စား လှယ်အပေါ် မူတည် ၍ နယ်မှလာ မည့်ဆရာများအတွက် ခရီးစရိတ် ၊ နေစားစရိတ် များ ကို ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ တက်ရောက် မည့်ဆရာ အရေ အတွက်ကို ကန့် သတ်ထားခြင်းမရှိဘဲ ပူးပေါင်းပါဝင် လိုစိတ်ရှိသူအား လုံးကို တက်ရောက် ခွင့်ပေးသွားမည်ဖြစ်သည်။

လက်ရှိဖွဲ့စည်းထား သည့် တက္က သိုလ်ဆရာများသမဂ္ဂမှာ ရန်ကုန်အ ရှေ့ပိုင်း၊ အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေး သင်တက္ကသိုလ်၊ မအူ ပင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ မုံရွာ၊ မန္တလေးအဝေး သင် တက္ကသိုလ် နှင့် နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္က သိုလ်၊ မကွေးတက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်တို့ဖြစ်ကြောင်းသိရသည်။

ATK [--Democracy today Daily Newspaper--]

Aye Chan Mon Credit To: Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top