0

ACM Re-Post 30-5-2014

ကျမမိဘတွေ ညအိပ်ရာဝင်ပြောပြလေ့ရှိတဲ့ ပုံပြင်အမျိုးမျိုးရဲ့ အနှစ်သာရတွေဟာ လူသားအချင်းချင်း
ချစ်ခင်ကြင်နာဖို့ ၊ ကူညီဖေးမဖို့ ၊ စာနာစိတ်ရှိကြဖို့ ၊ မေတ္တအရင်းခံနဲ့ ဆက်ဆံတတ်ဖို့ ၊ချိုသာယဉ်ကျေးဖို့ နီတိ
အဆုံးအမတွေပဲ မဟုတ်ပါလား ။ မေမေပြောဘူးတဲ့ ပုံပြင်များစွာထဲက

ပုံပြင်လေးတစ်ပုဒ်က………..
တစ်ခါက ပုရွက်ဆိတ်တစ်ကောင် ရေထဲမှာ ရေနစ်နေတာကို ငှက်ကလေးတစ်ကောင်က မြင်တော့ သစ်ရွက်တစ်ရွက် အသက်ကယ်ဘောသဖွယ် ချပေးလိုက်သတဲ့ ။ ပုရွက်ဆိတ်ကလေးက ငှက်ကလေးကို ကျေးဇူးတင်ပါတယ် အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးရှိသူလို့ မှတ်သားထားလိုက်ပါသတဲ့ ။
တစ်နေ့တော့ သစ်ပင်ပေါ်မှာ နားနေတဲ့ အဲဒီငှက်ကလေးကို ငှက်ပစ်သမားတစ်ယောက်က လေးမြှားနဲ့ ပစ်ဖို့ချောင်းနေတာ ပုရွက်ဆိတ်ကလေးက မြင်သတဲ့ ၊ ငှက်ကလေးကတော့ မသိဘူးပေါ့ ။ ပုရွက်ဆိတ်ဟာ မြှားနဲ့ချိန်ရွယ်နေသူရဲ့ နာကျင်လောက်မယ့် နေရာကို တအားကိုက်လိုက်ပါသတဲ့ ။ ငှက်ပစ်သမားလဲ အာလာလာ နာလိုက်တာကွာလို့ အော်ပြီး ခုန်မိတာပေါ့ ၊အဲဒီအခါမှာ လေးမြှားသံရော လူအော်သံရော ကြားသွားတဲ့ ငှက်ကလေးဟာ ရန်သူအန္တရာယ်ရှိမှန်းသိပြီး အဝေးသို့ ပျံသန်းလွတ်မြောက်သွားတာပေါ့ရှင် ၊ သူတစ်ပါးကို အသက်ကယ်ဖူးတဲ့ ငှက်ကလေးဟာ သူ့မှာ အန္တရာယ်ရှိ လာတဲ့အခါမှာ ကျေးဇူးရှိဖူးတဲ့ ပုရွက်ဆိတ်က ပြန်ကူညီလို့ အသက်ဘေးမှ ကင်းဝေးခဲ့ရတာပေါ့ ၊ အလားတူ ပုံပြင်ပေါင်းများစွာ ကျမတို့ ဖတ်ဖူးကြားဖူးကြမှာပါ ။

သူတစ်ပါးကို ကြင်နာကူညီ စောင့်ရှောက်ကျွေးမွေးခဲ့ရင် ခွေးတွေ ကြောင်တွေ တိရစ္ဆာန်များပင်လျှင် သခင့်အပေါ် သစ္စာရှိစွာ ပြန်လည်ကူညီကယ်တင်ခဲ့တဲ့ တစ်ကယ့်ဖြစ်ရပ်မှန်တွေလည်း အများကြီးပါပဲ ။
စေတနာကောင်းရင် ကံကောင်းတယ် ဆိုတာ လောကနိယာမပါပဲ ။

Credit to M Sai Mon Thar
K.K(ကနောင်)

Aye Chan Mon Credit To: နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top