Home
»
ပြည်တွင်းရေး
» လူကုန်ကူးခံရသူမြန်မာအမျိုးသမီးနှစ်ဦးကို ထိုင်းနိုင်ငံမှပြန်လည်လွှဲပြောင်းပေး
==========================================မင်းမင်းလတ်(မန်းတက္ကသိုလ်)ရန်ကုန် မေ ၃==========================================ထိုင်းနိုင်ငံတွင်လူကုန်ကူးခံရသူ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်မှ အမျိုးသမီး နှစ်ဦးကို ဧပြီ ၂၈ ရက်တွင် ထိုင်းနိုင်ငံ ရနောင်း မြို့ နယ်စပ်လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆက်ဆံရေးရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊တပ်ဖွဲ့စိတ်(ကော့သောင်း) သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးနှစ်ဦးကို ဧပြီ ၃ဝ ရက်တွင် လူကုန်တား တပ်ဖွဲ့စိတ်(ကော့သောင်း)မှ တပ်ဖွဲ့ စု (ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့ပြီး တပ်ဖွဲ့စု(ရန်ကုန်)မှတွေ့ဆုံမေးမြန်း ခဲ့ရာမတ်လဆန်းပိုင်း၌ ဆိုင်ကယ် ကယ်ရီမောင်းသူ အောင်သိန်းဦးက ထိုင်းနိုင်ငံရှိဘီယာဆိုင်တွင် အလုပ် လုပ်ရမည်၊ တစ်လလျှင် ငွေကျပ် သုံးသိန်းရမည်ဟု ပြောဆိုစည်းရုံး သဖြင့်အလုပ်လုပ်ရန် သဘောတူခဲ့ ကြကြောင်း၊ ထို့နောက်အောင်သိန်း ဦးက လမ်းစရိတ်ကုန်ကျခံပြီး ၄င်း တို့သုံးဦး(လွှဲပြောင်းပေးသူနှစ်ဦးနှင့် ထိုင်းတွင်ကျန်ခဲ့သူ)ကို ရန်ကုန် မှကော့သောင်းသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ကော့ သောင်းမြို့တွင် အသင့်စောင့်ကြိုနေ သောအောင်သိန်းဦး၏သမီး မတင် ဇာက ၄င်းတို့သုံးဦးကို ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြု လုပ်ပေးကြောင်း၊ ကော့သောင်းမှ တစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ဆက်လက်ပို့ဆောင်ပြီး ရနောင်းမြို့ တွင်ရောက်ရှိနေသော မတင်ဇာ၏ ခင်ပွန်း(ထိုင်းလူမျိုး)က၄င်းတို့အား နိုင်ယွန်မြို့ ကူလာဖော်ရီရပ်ကွက်ရှိ မတင်ဇာပိုင်ဆိုင်သော ဘီယာနှင့် ပြည့်တန်ဆာခန်းတွဲ၍ဖွင့်လှစ်ထား သည့်ဆိုင်သို့ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါဆိုင်တွင် ပြည့်တန်ဆာ အလုပ်လုပ်ခိုင်းရာ ဘီယာဆိုင်တွင် အလုပ်လုပ်ရန်လာခြင်းဖြစ်၍ ပြည့် တန်ဆာအလုပ်မလုပ်နိုင်ကြောင်းနှင့် ပြန်ပို့ပေးရန်ပြောခဲ့သော်လည်း ပို့ ဆောင်ပေးခြင်းမရှိသဖြင့် ၄င်းတို့ က ရန်ကုန်ရှိနေအိမ်များသို့ ဆက် သွယ်ခဲ့ကြောင်း၊ထိုင်းနိုင်ငံ ဖန်င မြို့အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း(FED) အဖွဲ့၏အကူအညီဖြင့် ရနောင်းမြို့ မှတစ်ဆင့် ကော့သောင်းမြို့သို့ပြန် လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးမှအမျိုး သမီးသုံးဦးကို ထိုင်းနိုင်ငံရှိ ဘီယာ ဆိုင်တွင် အလုပ်ရမည်ဟု ပြောဆို စည်းရုံးကာ ပြည့်တန်ဆာအဖြစ် ခိုင်းစေသူ အောင်သိန်းဦး၊ မတင် ဇာတို့နှစ်ဦးကို အရေးယူပေးရန် နစ်နာသူကိုယ်တိုင်က တရားလို ပြုလုပ်တိုင်တန်းသဖြင့် ယခုလ ၁ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းမှ (ပ)၁၉၅/၂ဝ၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။
ထိုင်းနိုင်ငံ နိုင်ယွန်မြို့ ကူလာ ဖော်ရီရပ်ကွက်တွင် ကျန်ခဲ့သော ပြစ်မှုကျူးလွန်ခံရသူ အမျိုးသမီး အားကယ်တင်ရရှိရေးနှင့် တရားခံ မတင်ဇာအားဖမ်းဆီးရမိရေးအတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ရနောင်းမြို့ နယ်စပ် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက် ရေးဆက်ဆံရေးရုံးနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
Aye Chan Mon# Credit To : The Union Daily
သတင်းအစုံကို https://www.facebook.com/excellencemediaတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Post a Comment