===========================
ရွှေလက်
===========================
မွန်ပြည်နယ် ရာမညမြေဟာ ဗုဒ္ဓရောင်ဝါထွန်းကားပြန့်ပွားတဲ့ဒေသတစ်ခုဖြစ်ပြီး ရှေးမူလက်ရာ မပျက် သမိုင်းဝင်အမွေအနှစ်အထင် ကရနေရာတွေ၊ စိမ်းလန်းစိုပြည်တဲ့ တောတောင်ရေမြေသဘာဝရှုခင်းအလှ တွေနဲ့ ရှုမငြီးဖွယ်ဒေသတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် မွန်ပြည်နယ်မှာရှိတဲ့ အထင်ကရသမိုင်းဝင်နေရာ တွေကို ပြည်ထောင်စုနေ့စဉ်စာဖတ်ပရိသတ်ကြီး လေ့လာသိရှိခွင့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်
====================
မွန်ပြည်နယ် ကျိုက်ထိုမြို့ရဲ့ ကိုးမိုင်အကွာမှာတည်ရှိပြီး မြန်မာ နိုင်ငံရဲ့ တန်ခိုးကြီးဘုရားတွေထဲမှာ ထင်ရှားကျော်ကြားတဲ့ စေတီတစ် ဆူဖြစ်ပါတယ်။ စေတီတော်မြတ် ကြီးကို အရှေ့ရိုးမတောင်တန်း၊ ပေါင်းလောင်းတောင်ပေါ်မှာ တည် ထားတဲ့အတွက် ပင်လယ်ရေမျက် နှာပြင်အထက် ပေ ၃၆ဝဝ ခန့် အမြင့်မှာ ရွှေရောင်တဝင်းဝင်းနဲ့ ထည်ဝါစွာရှိနေပါတယ်။ ဒါ့အပြင် စေတီတော်ရဲ့အောက်ဘက်မနီး မဝေးမှာတည်ရှိတဲ့ ကျီးကန်းပါးစပ် နဲ့တူတဲ့ ကျီးကန်းပါးစပ်ဂူ၊ မုဆိုး တောင်၊ ကျောက်ထပ်ကြီးအစရှိတဲ့ နေရာတွေဟာ ကျိုက်ထီးရိုးတောင် မှာထင်ရှားကျော်ကြားလှပါတယ်။ ဒါကြောင့်လည်း ကျိုက်ထီးရိုး စေတီတော်ဟာ နှစ်စဉ်ဘုရားဖူး တွေနဲ့ အမြဲစည်ကားနေခဲ့တာဖြစ် ပါတယ်။
နွားလပို့တောင်စေတီတော်
===============
ဆံတော်ရှင် ဆုတောင်းပြည့် နွားလပို့တောင် စေတီတော်ဟာ ပင်လယ်ရေမျက်နှာပြင် အထက် ၁၈၈၈ ပေအမြင့်မှာ တည်ရှိပြီး ဥာဏ်တော်ကိုးတောင်အမြင့်ရှိပါ တယ်။ ကျောက်တုံးအဆင့်ဆင့်မှာ တည်ထားကိုးကွယ်ထားတဲ့အတွက် ဗိန္ဒိသေလာ (ကျောက်များဆက် ထားသော ဘုရား) လို့လဲ ခေါ်ကြ ပါတယ်။
ကျိုက္ခမီရေလယ်ဘုရား
==============
ကျိုက္ခမီရေလယ်ဘုရားဟာ ကျိုက္ခမီမြို့ အနောက်ဘက် ပင် လယ်ကမ်းခြေသဲသောင်ပြင်ထက် မှာ ထူးခြားဆန်းပြားစွာ တည်ရှိ နေပါတယ်။ ကျိုက္ခမီ ရေလယ် ဘုရားကို ကျောက်တော်ကြီး၊ သိမ် တော်ကြီး၊ ဇရပ်တော်ကြီး၊ ဘုန်း တော်ကြီးကျောင်းတွေနဲ့ စောင်း တန်းတွေခြံရံကာ ကြည်ညိုဖွယ် ဖူးတွေ့နိုင်ပါတယ်။
စက်စဲကမ်းခြေ
==========
စက်စဲကမ်းခြေဟာ ကျိုက္ခမီ ရေလယ်ဘုရားအလွန်မှာ တည်ရှိ တဲ့ပင်လယ်ရေချိုးဆိပ်တစ်ခုဖြစ်ပြီး ကျိုက္ခမီမြို့ကနေ ကားလမ်းနဲ့ ဆက်သွယ်ပေးထားပါတယ်။ စက်စဲကမ်းခြေဟာ သဘာဝရှုမျှော် ခင်းတွေနဲ့ လှလှပပတည်ရှိနေတဲ့ အတွက် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်တွေနဲ့ အမြဲမပျက်စည် ကားနေတဲ့ မွန်ပြည်နယ်ရဲ့ဂုဏ်ယူ စရာနေရာတစ်ခုပါ။
သုဝဏ္ဏဘူမိ
=======
သုဝဏ္ဏဘူမိဟာ မွန်ပြည်နယ် သထုံမြို့အနီးမှာ တည်ရှိပြီး ရှေး ဟောင်းမြို့တော်တစ်ခုအဖြစ် ထင် ရှားပါတယ်။ သုဝဏ္ဏဘူမိမြို့ ဟောင်းမှာ ကျန်စစ်သားမင်းက ကျိုက်တလင်စေတီတော်ကို ပြန် လည်ပြုပြင်တဲ့အကြောင်း ရေးထိုး ထားတဲ့ မှန်ကျောက်စာချပ်လဲ ရှိပါတယ်။ ဒါကြောင့်လည်းသုဝဏ္ဏ ဘူမိဟာ ရှေးဟောင်းအမွေအနှစ် တွေရှိနေသေးတဲ့ ရှေးဟောင်းမြို့ တော်အဖြစ် အထင်ကရ တည်ရှိ နေခဲ့တာပါ။
အထက်မှာဖော်ပြခဲ့တဲ့ မွန် ပြည်နယ် ရာမညမြေက သမိုင်းဝင် ကျော်ကြားတဲ့နေရာတွေဟာ ကျွန် တော်ဖတ်မိ၊ လေ့လာမိသလောက် အနည်းငယ်သာဖော်ပြ ထားတာ ဖြစ်ပါတယ်။ မွန်ပြည်နယ်ကို သွား ရောက်လည်ပတ်မယ်ဆိုရင် သာ ယာရှုမောဖွယ်ရာကောင်းတဲ့ တော တောင်ရေမြေသဘာဝ ရှုမျှော်ခင်း တွေ၊ သမိုင်းဝင်တန်ခိုးကြီးတဲ့ စေတီ ပုထိုးတွေ၊ နေရာဒေသတွေကို လည်ပတ်နိုင်မယ့်အပြင် မွန်လူမျိုး တွေရဲ့ ပျူငှာယဉ်ကျေးတဲ့ ယဉ် ကျေးမှုဓလေ့စရိုက်တွေကိုပါ လေ့ လာနိုင်ကြမှာ ဖြစ်ပါတယ်။
Aye Chan Mon# Credit To : The Union Daily
သတင်းအစုံကို https://www.facebook.com/excellencemediaတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Post a Comment