0

၁။ တိုကျိုက subway မှာ ဖုန်းကို silent လုပ်ထားပါ ဖုန်းမပြောပါနဲ့ လို့ စာကပ်ထားတယ် ... priorty seats လို့ ခေါ်တဲ့ ရင်ခွင်ပိုက် ကလေးအမေတွေ ကိုယ်ဝန်ဆောင်တွေ ဒုက်ခိတတွေ သက်ကြီးရွယ်အိုတွေ အတွက် ရည်ရွယ်ထားတဲ့ ထိုင်ခုံတွေနားမှာ ဖုန်းပိတ်ထားပါလို့ကို စာကပ်ထားတယ် ... ရထားပေါ်မှာ ဘယ်သူမှ စကားကျယ်ကျယ်မပြောဘူး (တကယ်က စကားကို မပြောသလောက်ဘဲ) ...

ဒါကို အတူသွားတဲ့ ဂျပန်ကို ပြောပြတော့ အရင် အနှစ် ၂၀လောက်က အဲလိုမဟုတ်ဘူးတဲ့ ... ရထားပေါ်မှာ အော်ကြီးဟစ်ကျယ် ပြောကြဆိုကြတာတွေကို CCTV ကနေရိုက် TV ကနေလွှင့် လူတွေ ရှက်တတ်အောင် ပညာပေးတာတွေ အကြာကြီး လုပ်ပြီးမှ အခုလို အဆင့် ရောက်တာတဲ့ ...

၂။ တစ်ရက် တိုကျိုမှာ လျှောက်သွားရင်း အမှိုက်ပစ်ချင်လို့ ကြည့်တော့ အမှိုက်ပုံး မတွေ့ဘူး ... ဘာအမှိုက်မှလဲ လမ်းပေါ် မတွေ့ဘူး ... အတူသွားတဲ့ ဂျပန်ကို မေးတော့ အိုဘားမားရောက်နေလို့ လမ်းပေါ်က အမှိုက်ပုံးတွေ သိမ်းထားတာ တခါက အမှိုက်ပုံးထဲ ဗုံး ထည့်သွားဖူးလို့ လို့ ဆိုတယ် ... လာ ဟို ကုန်တိုက်ထဲက အစောင့် ရှိတဲ့နေရာက အမှိုက်ပုံးထဲ သွားပစ် ဆို လိုက်ပြတယ် ...

ကိုယ်က အမှိုက်မပစ်ဖို့ အမှိက်ပုံး ရှိဖို့ အဓိက ထင်တာ ... အခု ဒီမှာတော့ အမှိုက်ပုံး မရှိလဲ လမ်းပေါ် ဘယ်သူမှ အမှိုက် မပစ်ဘူး ... ကိုယ်တို့ဆီမှာ စည်ပင် အမှိုက်သိမ်းတာ ပုံမှန် မဟုတ်လို့ ကြုံရာ လမ်းဘေး ပစ်တာ ဘာမှ မပြောလိုပေမဲ့ အဝေးပြေးလမ်းမှာ အလွယ်တကူ ကားပေါ်ကနေ အမှိုက်ပစ်ကြလို့ လမ်းဘေးမှာ ပလပ်စတစ်တွေ ဖွေးနေတာ သတိပြုမိတယ် ... တကယ်က အဲဒီအမှိုက်တွေ ကားထဲ ခဏ ထားထားပြီး အမှိုက်ပုံး ရှိတဲ့နေရာကျမှ ပစ်လို့လဲ ဘာမှ အပန်းမကြီးလောက်ပါဘူး ... ဒါပေမဲ့ ကိုယ်တို့ သိပ် စဉ်းစား မနေဘဲ အလွယ်တကူ ပစ်လိုက်ကြတာ များတယ် ...

၃။ အစက လူတွေရဲ့ အကျင့်စရိုက်အတွက် အစိုးရကိုချည်း အပြစ်တင်ဖို့ထက် လူတွင်ပါမှ နွားကျားကိုက်တယ် ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်ဖို့ အရေးကြီးတယ် ထင်ထားတာ ... တကယ်က လူ့အဖွဲ့အစည်းရဲ့ လားရာအတွက် စီမံအုပ်ချူပ်သူမှာ အဓိက တာဝန်ရှီတယ် ...

Aye Chan Mon# Credit To :Phyu Phyu
သတင်းအစုံကို https://www.facebook.com/excellencemediaတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
4

Post a Comment

 
Top