0

ACM Re-Post 29-5-2014
Author: အိဖြူလွင်

ပြည်ခိုင်ဖြိုးဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သူရဦးအောင်ကို
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စနှင့် နိုင်ငံ ရေးကိစ္စများတွင် ပွင့်လင်းစွာ ပြောဆိုမှုများကြောင့် ပါတီတွင်း သဘောထားတင်းမာသူအချို့က ဝေဖန်တိုက်ခံနေရပြီး သစ္စာဖောက်ဟူ၍ မပြောရုံတမယ် အခြေအနေဖြစ်နေသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင်သူရဦးအောင်ကိုက ပြောကြားလိုက်သည်။

သူရဦးအောင်ကိုသည် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ များတွင် ပြောဆိုမှုများနှင့် ပါတီ၏ အဓိကပြိုင်ဘက်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ် မှု၊ ပါတီတွင်းအခြေအနေများကို ဝေဖန်မှုများကြောင့် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ဆက်ဆံ ရေးအဆင်မပြေဖြစ်နေသည်ဟု

သိရသည်။

‘‘ဒီနေ့အထိ မည်သည့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ သစ္စာခံအဖြစ် မလုပ်ခဲ့ဘူး’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဘ၀ကပင် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် အဖြစ် တာဝန်ယူခဲ့သည့် သူရ ဦးအောင်ကိုက ဆိုသည်။

‘‘ပါတီအဖွဲ့အစည်းတိုင်းမှာ စုန်းပြူးဆိုတဲ့ ကိုယ်ကျိုးစီးပွား ဦးစားပေးသူတွေ ရှိနေမှာပဲ ‘‘ဒီလိုရှိနေလို့လည်း ဒီနေ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပြည် သူ့ဆန္ဒကို ခေါင်းမာမာနဲ့ ဆန့် ကျင်နေကြတာ’’ဘာပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပါတီက နိုင်ငံတော်နဲ့ ပြည်သူတွေ အကျိုး သယ်ပိုးနေတယ်လို့ အခိုင်အမာပြောကြားလိုတယ်’’ ဟု သူရဦးအောင်ကိုက ဆက်လက်ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ပြည်သူများ သာမက နိုင်ငံတကာကပင် တောင်းဆိုနေကြပြီး အုပ်ချုပ်ရေး မဏ္ဍိုင်အနေဖြင့် အဆိုပါ တောင်း ဆိုမှုများကို မျက်ကွယ်ပြုနေပါက နိုင်ငံရေးအကျပ်အတည်းဆီ ဦး တည်သွားနိုင်သည်ဟု ၎င်းက သုံး သပ်ခဲ့သည်။

လွှတ်တော် န၀မပုံမှန်အ စည်းအဝေးတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့စည်းစဉ်ကပင် ပြည် ခိုင်ဖြိုးပါတီတွင်း၌ အခြေခံဥပဒေ ပြင်လိုသူတစ်ဦးသာ ရှိသည်ဟု သူရဦးအောင်ကိုက ပြတ်သွားစွာပြောခဲ့သည်။

စစ်မှန်သည့် ဖက်ဒရယ်ပြည် ထောင်စုရရှိရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး စစ်မှန်သော ဒီမိုကရေစီရရှိရန် အတွက်လည်း အခြေခံဥပဒေကိုပြင်ဆင်ရေးမှလွဲ၍ အခြားနည်းလမ်းမရှိဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေး အကောင်အထည်ဖော်မှု ကော်မတီတွင် သူရဦးအောင်ကို လည်း ကော်မတီဝင် တစ်ဦးအ ဖြစ် ပါဝင်ခဲ့သော်လည်း ဒုတိယ အဆင့်ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးအကောင်အထည် ဖော်မှု ကော်မတီတွင် ပါဝင်ခြင်း မရှိတော့ပေ။

Aye Chan Mon Credit To:7daydaily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top