အာဆင်နယ်အသင်းသည် အဝေးကွင်းသွားရောက်ကစားခဲ့ရတဲ့် တနင်္ဂနွေည အဲဗာတန်အသင်းနှင့်ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
" ကျွန်တော့်အနေဖြင့် ရာခိုင်နှုန်းပြည့် အဆင့် ၄ အတွင်းဝင်နိုင်ရမည်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ အနည်းငယ်အခက်အခဲတော့ ရှိလာနိုင်ပါတယ်"
ဆိုပြီးအာဆင်ဝင်းဂါးက ပွဲအပြီးမှပြောကြားခဲ့သည်။
"အရင်နိုင်ပွဲရလဒ်တွေရနိုင်ရေး ပြန်လာနိုင်ရေးအတွက် ရည်မှန်းပြီးကစားခဲ့ကြပေမည့်လည်း။ ကျွန်တော်တို့ရဲ့ 
ခံစစ်ဆင်မှု၊ စည်းစည်းလုံးလုံးကစားမှု တိုက်စစ်ဆင်မှုစတဲ့ စွမ်းဆောင်မှုတွေကဆိုးဝါးခဲ့ပါတယ်"
"မှုလအခြေအနေကို ပြန်လည်ရောက်ရှိလာအောင် ပြန်လည်စုဖွဲ့မှုမျိုးလုပ်ထားပါတယ်"
အာဆင်ဝင်းဂါးအနေဖြင့် အဆင့်(၄)အတွင်းဝင်နိုင်ရေး ပြိုင်ဘက်အသင်းများ၏ ခြိမ်းခြောက်လာနေမှုအပေါ်
ပူပန်မှုတွေရှိလာပြီလားဆိုတဲ့ မေးခွန်းအပေါ်တော့
" ကျွန်တော်မသိပါဘူး။ အဲ့ဒါက ပူပင်သောကဖြစ်စရာတစ်ခုလားဆိုတာကို ခွဲခြားရခက်ပါတယ်။
အသင်းအပေါ်လည်း မေးခွန်းမထုတ်ချင်တော့ပါဘူး။ သူတို့ဟာ အကောင်းဆုံးလုပ်ဆောင်မယ်လို့
ဦးတည်ချက်တွေထားပေမဲ့လည်း ကစားကွင်းထဲ့မှာ မိမိကိုယ်ကို ယုံကြည်မှုတွေမှာ ပျောက်ဆုံးနေသလိုပါပဲ" ဆိုပြီးအာဆင်ဝင်းဂါးက
ဖြေကြားခဲ့တာပါ။
Aye Chan Mon# Credit To :Football Café > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment