ACM Re-Post 29-5-2014
Author: အေးသူစံ
အာဆီယံထိပ်သီးအ စည်းအဝေးကာလ မြန်မာနိုင်ငံ သို့ လာရောက်ခဲ့သော ဘရူနိုင်းဘု ရင်ဆူလတန်ဟာဆန်နယ်ဘိုကီ ရာသည် ၎င်းအားလုံခြုံရေးဆောင် ရွက်ပေးခဲ့သော လုံခြုံရေးတပ်ဖွဲ့ ၀င် ၁၅ဦးခန့်အား တစ်ဦးလျှင်ဒေါ် လာ နှစ်ရာစီလက်ဆောင်ချီးမြှင့်ခဲ့ ကြောင်း ယင်းလုံခြုံရေးတပ်ဖွဲ့ အကြီးအကဲရဲမှူးကြီးအောင်ဌေး မြင့်ကပြောသည်။
‘‘ဘရူနိုင်းဘုရင်ကို လုံခြုံရေး ယူပေးရတာ အားလုံးပေါင်း ၆၀ ကျော်လောက်ရှိပါတယ်။ ဒါပေမဲ့ လက်ဆောင်ကိုတော့ ဘုရင်နဲ့ သူ တို့သံရုံးတာဝန်ခံတွေက ရွေးချယ် ပြီး by name(နာမည်တပ်၍)နဲ့ ပေးတာဖြစ်ပါတယ်။ ၁၅ယောက် လောက်ရကြပါတယ်။ ကျွန်တော် က ဘုရင်ကြီးနဲ့အစည်းအဝေးခန်း မှာ ရှိနေတုန်းမှာပဲ ကျွန်တော့်ကို လည်း နာမည်ပါတယ်လို့လာပြော ပါတယ်။ ဒါပေမဲ့ ကိုယ်ကလူကြီး ဖြစ်တဲ့အတွက် မဆက်သွယ်ဘူး။ သွားမယူခဲ့ဘူး’’ဟု ရဲမှူးကြီး အောင်ဌေးမြင့်ကပြောသည်။
ထိပ်သီးအစည်းအဝေးအပါ အ၀င် ခေါင်းဆောင်အချို့လာ ရောက်သည့်ခရီးစဉ်များတွင် အ ချို့ခေါင်းဆောင်များက လက် ဆောင်ငွေကြေးပေးတတ်ကြပြီး ငြင်းပယ်ပါက ရိုင်းရာကျ၍လက် ဆောင်ပေးခံရသည့်တပ်ဖွဲ့ဝင်များအ
‘‘သူတို့ကြည်ဖြူလို့ပေးတာ ကို ငြင်းရင်ရိုင်းမှာပေါ့။ ဒါပေမဲ့ ကိုယ်ကစလို့တောင်းဆိုတာမ လုပ်ရဘူး။ နာမည်တပ်ပြီးပေးရင် တောင် မပါတဲ့သူက ကျွန်တော် က ဘာလို့မပါတာလဲလို့ လုံးဝ သွားမမေးရဘူးလို့ တပ်ဖွဲ့ဝင်တွေ ကို မှာကြားထားပါတယ်။ တချို့ ခေါင်းဆောင်တွေဆိုသဘောကျ လို့ သူတို့နိုင်ငံကိုလာလည်ဖို့၊ သင်တန်းတွေပေးချင်လို့ဆိုပြီး ကမ်းလှမ်းတာတွေတောင် ပါ တယ်’’ဟု ၎င်းကပြောသည်။
ဘရူနိုင်းဘုရင်သည် အာဆီ ယံထိပ်သီးအစည်းအဝေးမတိုင်မီ ယခုနှစ်ဆန်းပိုင်းက သမ္မတဦး သိန်းစိန်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်အလည်အပတ် ခရီးစဉ်လာရောက်ထားပြီးယင်း ခရီးစဉ်အတွက် လုံခြုံရေးယူပေး သည့်တပ်ဖွဲ့ဝင်များအား ဒေါ်လာနှစ်ရာစီချီးမြှင့်ခဲ့သည်။
မေလဆန်းက ကျင်းပခဲ့ သည့် (၂၄)ကြိမ်မြောက်ထိပ်သီး အစည်းအဝေးကာလတွင် ၎င်း ၏ အနီးကပ်လုံခြုံရေးအတွက် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ များ၊ သတင်းတပ်ဖွဲ့များ၊ မိုင်းရှင်း လင်းရေးစစ်သည်များ၊ ယာဉ်တန်းလုံခြုံရေးဆိုင်ကယ် ၁၃စီးအ ပါအ၀င် အင်အား ၆၀ခန့်ဖြင့် လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။
ဘရူနိုင်းကဲ့သို့ပင် ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကလည်းတ
‘‘လုံးဝမပေးတဲ့ နိုင်ငံတွေ လည်းရှိပါတယ်။ ဒါပေမဲ့ ပေးပေး၊ မပေးပေး ကိုယ့်တာဝန်က သူတို့ အသက်အန္တရာယ်ကိုကာကွယ် ပေးဖို့ပါ။ ကျွန်တော်တို့ခေါင်း ဆောင်တွေ တခြားနိုင်ငံသွားရင် လည်း ဒီလိုလက်ဆောင်လေးတွေ ပေးတတ်ပါတယ်’’ဟု ၎င်းကပြော သည်။
Aye Chan Mon Credit To:7daydaily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment