0


ရန်ကုန်၊ACM Re-Post 29-5-2014

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသော The New Light Of Myanmar သတင်းစာကို ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် ဖက်စပ် လုပ်ကိုင်နေသော်လည်း မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော သတင်းစာများကိုမူ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ဖက်စပ် ပူးပေါင်း လုပ်ကိုင်မည် မဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က ပြောကြားသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့ကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းမည် မဟုတ်သော်လည်း အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် လာမည့်နှစ်အတွင်း ပြောင်းလဲနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း ၎င်းကဆိုသည်။

“အများပြည်သူ ဝန်ဆောင်မှု မီဒီယာ (PSM) ဆိုတာ ပြည်သူတွေရဲ့ ဘတ်ဂျက်၊ ပိုက်ဆံနဲ့ အစိုးရကတစ်ဆင့် လွှတ်တော်ကနေပြီးတော့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ (PSM) အတွက် ဘတ်ဂျက် ချပေးမယ်” ဟု ညွှန်ကြားရေးမှုး ဒေါ်သီတာတင်မှ ပြောကြားသည်။

အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲပြီးပါက အဆိုပါ သတင်းစာများကို တိုင်းရင်းသား ဘာသာစကားများဖြင့် တိုးချဲ့ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ အစိုးရထုတ် သတင်းစာ နှစ်စောင်ကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာ (PSM) အဖြစ် ပြောင်းလဲရန် လွှတ်တော်သို့ ပြန်ကြားရေး ဝန်ကြီးဌာနက ဥပဒေတစ်ရပ် ရေးဆွဲကာ တင်သွင်းထားပြီး ယင်းဥပဒေကို မီဒီယာ အဖွဲ့အစည်း အသီးသီး ကန့်ကွက်ထားသည်။

အဆိုပါ ဥပဒေကို မေလ ၂၈ ရက်နေ့ စတင်ကျင်းပသည့် ဒသမအကြိမ် လွှတ်တော် အစည်းအဝေးများတွင် အတည်ပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ပြန်ကြားရေး ဝန်ကြီးဌာနက အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေလျက်ရှိသော The News Light of Myanmar သတင်းကို မေလ ၁ ရက်နေ့မှ စတင်ကာ ဂျပန်နိုင်ငံ အခြေစိုက် Global Direct Link ကုမ္ပဏီနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့ ဖက်စပ်ပူးပေါင်းကာ စတင်ထုတ်ဝေလျက် ရှိသည်။

(မေမီ၊ ချစ်စု)

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top