0

ACM Re-Post 29-5-2014

ရှမ်းပြည်နယ်၊ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာမှာရှိတဲ့ ဘော်ဆိုင်းသတ္တုတူးဖော်ရေုးလုပ်ငန်းကို တာဝန်ယူလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံအခြေစိုက် Good Plus Star(GPS) Joint Venture ကုမ္ပဏီက တရုတ်နိုင်ငံသားဝန်ထမ်း ၁၃ ဦးနဲ့ မြန်မာဝန်ထမ်း ၁ ဦးကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ကလောမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၂ သိန်းစီ ဒါမှမဟုတ် ထောင်ဒဏ် ၆ လစီကျခံဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

အမိန့်ချခံရတဲ့ တရုတ်နိုင်ငံသား ၁၃ ဦးနဲ့ မြန်မာဝန်ထမ်း ၁ ဦးဟာ ဒဏ်ငွေ ကျပ် ၂ သိန်းစီ ပေးဆောင်ခဲ့တယ်လို့ တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ရက်နေ့က Good Plus Star(GPS) Joint Venture ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၈၈ ဦးကို လဝကဦးစီးအဖွဲ့က ၀င်ရောက်စစ်ဆေးရာမှာ ၁၃ ဦးဟာ ပတ်စ်ပို့နဲ့ ဗီဇာတွေ ကိုယ်စီရှိပေမယ့် သတ္တုတွင်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေကြောင်း တွေ့ရှိခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး သတ္တုတူးဖော်ရေးကုမ္ပဏီဖြစ်တဲ့ Good Plus Star(GPS) Joint Venture ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ၃ နှစ်ကြာ စမ်းသပ်တူးဖော်ခွင့်ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တရားဝင်တူးဖော် ထုတ်လုပ်ခွင့်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Aye Chan Mon Credit To: RFA Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top