0

ACM Re-Post 29-5-2014

ပြဿနာတစ်ရပ်၊ အခြေနေတစ်ရပ်ရပ်ကို ဆင်ခြင်တွေးတောသုံးသပ်မယ်ဆိုရင် အခြေခံအဆင့် ခုနှစ်ဆင့်ရှိပါတယ်။

First Step -
ပြသနာကိုခွဲခြမ်းစိတ်ဖျာရပါတယ် (Analyze)၊ ခွဲခြမ်းစိတ်ဖျာတယ်ဆိုတာ အခြေအနေတစ်ရပ်၊ ပြဿနာတစ်ရပ်လုံးနဲ့ပါတ်သက်နေတဲ့ အချက်အလက်မှန်သမျှကို အကြောင်းအကျိုးဆီလျော်မူရှိမရှိ၊ ယုတ္တိရှိမရှိ ခွဲခြားပြီး အခြေနေရဲ့ ၊ ပြဿနာရဲ့ အရင်းမြစ်ကို ရှာတာပါ။

Second Step-
ကိုယ်သုံးသပ်ဆင်ခြင်လို့ရလာတဲ့ အချက်အလက်တွေကို မေးခွန်းတွေထုတ်ပြီး ရှင်းလင်းတိကျအောင်လုပ်ယူရပါတယ်။ မေးခွန်းတွေကတော့ English လိုလေးပြောရတာပိုလွယ်တယ်။ ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ 9 Wh Question Words ပေါ့။
What-ဘာကလည်း၊ ဘာကိုလည်း၊ Who-ဘယ်သူကလည်း၊ Whom-ဘယ်သူ့ကိုလည်း၊Whose-ဘယ်သူ့ဟာလည်း၊ Why-အကြောင်းအရင်းကဘာလည်း၊ ရည်ရွယ်ချက်ကဘာလည်း၊ ဘာအတွက်ကြောင့်လည်း၊ When-ကာလအချိန်ခါ၊ Where-နေရာဒေသ၊ How- ဘယ်လိုဖြေရင်းမှာလည်း၊ ဘယ်လိုဖြစ်လာတာလည်း၊ ဘယ်လိုကိုင်တွယ်မလည်း၊ Which-ဘယ်ရွေးချယ်မူတွေလုပ်မှာလည်း စသည်ဖြင့် အချက်လက်တွေကို မေးခွန်းထုတ်ရှာရတယ်။

Third Step-
အခြေအနေတစ်ခု၊ ပြဿနာတစ်ခုနဲ့ပါတ်သက်ပြီးရလာတဲ့ သတင်းအချက်အလက်တွေရဲ့ တိကျသေချာမူ (Accuracy) နဲ့ ဆက်စပ်မူတွေ (Relevance) ကို စစ်ဆေးကြည့်ရူရပါတယ်။

Fourth Step-
သတင်းအချက်လက်တွေရဲ့ မူလအချက်အလက်သဘောနဲ့ တစ်စုံတစ်ယောက်ရဲ့ ယဆချက်တွေသဘောတွေကိုခွဲခြားမြင်နိုင်အောင် ကြည့်ရပါတယ်။
Raw Information နဲ့ Interpretation ခွဲခြားတာပေါ့။

Fifth Step_
ကိုယ့်ကိုကောက်ချက် (Inference) တစ်ခုခုကိုချစေအောင် စည်းရုံးလမ်းညွန်နေတဲ့ ယူဆချက်တွေ (Assumptions) ကို သတိထားမြင်တတ်ရပါတယ်။

Sixth Step-
အခြေနေတွင်းမှာရှိတဲ့ မလိုမုန်းထားဘက်လိုက်မူ အဂတိအကြောင်းတရား (Prejudice)၊ ဘက်လို်က်အစွဲ နှင့်ယုံကြည်မူ (Biased Beliefs)၊ မတော်မတရားကျသော ကောက်ချက်များ (Unjustifiable Conclusions)၊ အယူအဆနှင့် အထင်အမြင်တို့ကို ဖွင့်ဆိုပြောပြရာတွင် သုံးသော စကားလုံးအသုံးအနုန်းလွဲမှားမူ (Misused Words)၊ လိုအပ်နေသော ကောက်ချက်များ (Missed Implications)၊ စတာတွေကို ရှာဖွေဖေါ်ထုတ်ရပါတယ်။

Seventh Step-
ပုဂ္ဂိုလ်ရေးအတ္တအကျိုးနှင့် ဘက်လိုက်မူများမှထွက်ပေါ်လာသော အမြင်များကို သုံးသပ်ရှောင်ရှားခြင်း။

ဒီအခြေခံအဆင့်ခုနှစ်ဆင့်ဖြတ်ကျော်ပြီးမှ ဆုံးဖြတ်ချက်ချရင် မှန်ကန်တဲ့၊ အမှားနဲတဲ့ (ကင်းစင်တဲ့) ဆုံးဖြတ်ချက်ရဲ့ ရလာဒ်တွေရမှာဖြစ်တယ်။ ကောက်ချက်တွေချရင်လည်း တိကျသေချာတဲ့ မှန်ကန်တဲ့ ကောက်ချက်တွေရမှာဖြစ်တယ်။ အမြင်တည်ဆောက်ရင်လည်း ကိုယ့်ကိုပိတ်ထားတဲ့ အမြင်တွေပွင့်ပြီး၊ ကျယ်ပြန့်တဲ့ အမြင်မှန်ကိုရမှာဖြစ်တယ်။

စည်းစနစ်ကျကျတွေးတတ်တွေးလေ့မရှိသူတွေအတွက်တော့ ဒီခုနှစ်ဆင့်ကို လက်ခံကျင့်သုံးဖို့ ခက်မယ်၊ ကျင့်သုံးဖို့မလိုအပ်ဘူးလို့ ထင်မြင်ကောင်းထင်မြင်မယ်၊ ဆန့်ကျင်ရင်တောင် ဆန့်ကျင်နိုင်တယ်။ ဒီအဆင့်တွေဟာ Academic Thinking နဲ့ Research တွေမှာတော့ ရွေရေးစံတွေဖြစ်တယ်။ ဖယ်ခွာလို့မရဘူး။ အမှန်တရားစစ်ကို မြင်စေမယ် မှန်ပြောင်းတွေဖြစ်တယ်။

အခြေခံတွေးတောဆင်ခြင်နည်းအကြောင်းလေးပါ။ အတွေးပွားစေယုံပေါ့။

~ AMM ~
Greenhill

REF: Allen, Richard, The Development of Thinking, Oxford, 2007 (2nd Edn) .

Aye Chan Mon Credit To: နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top