0


ဒေလီ၊ ACM Re-Post 26-5-2014

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သော အိန္ဒိယတွင် မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ တစ်ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သောနာရင်ဒရာမိုဒီသည် အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူနိုင်ရေးအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကျင်းပရာ ယင်းအခမ်းအနားသည် အိန္ဒိယသမိုင်းကြောင်း၌ ကြီးကျယ် ခမ်းနားဆုံးသော ကျမ်းသစ္စာ ကျိန်ဆိုပွဲ တစ်ရပ်အဖြစ် သတ်မှတ်ခံရကြောင်း အိန္ဒိယ ပြည်တွင်းမီဒီယာများ၏ ရေးသားဖော်ပြချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။

နာရင်ဒရာမော်ဒီ အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူရန် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ အိန္ဒိယ၏ ပြိုင်ဘက်ဖြစ်သော ပါကစ္စတန် ဝန်ကြီးချုပ် နာဝတ်ရှရစ်လည်း တက်ရောက်သည်။

ဝန်ကြီးချုပ်သစ် မိုဒီသည် ကျမ်းသစ္စာ ကျိန်ဆိုမှု မပြုလုပ်မီ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၏ ဂူဗိမာန်သို့ သွားရောက်ပြီး ဂါရဝပြုသည်။

ဒေလီရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်သည့် အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ ပါကစ္စတန် ဝန်ကြီးချုပ် တက်ရောက်ခြင်းသည် ၁၉၄၇ ခုနှစ်၊ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံး လွတ်လပ်ရေး ရရှိပြီးခဲ့သည့် အချိန်ကတည်းက ပြည်ပနိုင်ငံ ခေါင်းဆောင်တစ်ဦး ပထမဆုံး တက်ရောက်ချီးမြှင့်ခြင်း ဖြစ်သည်။

သမ္မတ အိမ်တော်တွင် ကျင်းပပြုလုပ်သည့် အဆိုပါ အခမ်းအနားသို့ ပါကစ္စတန် ဝန်ကြီးချုပ် နာဝတ်ရှရစ်သာမက တောင်အာရှ ၇ နိုင်ငံမှ ခေါင်းဆောင်များလည်း တက်ရောက်သည်။

သို့သော် မီဒီယာများနှင့် လေ့လာ စောင့်ကြည့်သူများသည် ပါကစ္စတန် ဝန်ကြီးချုပ် တက်ရောက် ချီးမြှင့်မှု အပေါ်တွင်သာ အလေးပေး ရေးသား ဖော်ပြကြကြောင်း CNN သတင်းဌာနက တင်ဆက်သည်။

လေ့လာ စောင့်ကြည့်သူများသည် အင်္ဂါနေ့တွင် ကျင်းပပြုလုပ်ရန် ရှိသည့် မိုဒီနှင့် နာဝတ်ရှရစ်တို့၏ ဆွေးနွေးပွဲကို အာရုံစိုက်နေကြခြင်း ဖြစ်ကြောင်း ယင်းသတင်းဌာနက ဆိုသည်။

“ပါကစ္စတန် နိုင်ငံဟာ အိန္ဒိယနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရယူလိုတာပါ။ ကျွန်တော့်အနေနဲ့ ဒေလီကိုသွားပြီး ငြိမ်းချမ်းရေးစကား ပြောမှာပါ” ဟု အိန္ဒိယသို့ မသွားရောက်မီ နာဝတ်ရှရစ်က PTI သတင်းဌာနသို့ ပြောကြားသည်။

ပါကစ္စတန် ဝန်ကြီးချုပ်နှင့်အတူ သီရိလင်္ကာသမ္မတ မဟင်ဒါရာဂျပါစက၊ အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်း၊ ဘူတန်ဝန်ကြီးချုပ်၊ နီပေါဝန်ကြီးချုပ်နှင့် မော်လဒိုက်နိုင်ငံ သမ္မတတို့လည်း တက်ရောက်ကြသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top