0

ACM Re-Post 26-5-2014
မက္ကဆီကိုစီးတီး

မက္ကဆီကိုစီးတီး- ကမ္ဘာ့ကိုယ်အလေးချိန် အများဆုံး လူစာရင်းတွင် ပါဝင်ခဲ့သော မက္ကဆီကိုအမျိုးသား မန်နူယ်အူရီဘီသည် အသက် (၄၈) နှစ်အရွယ် မေလ ၂၆ ရက်၌ ကွယ်လွန်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ကိုယ်အလေးချိန် ပေါင် ၁၂၃၀ ဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့သော မန်နူရယ်အူရီဘီသည် ကိုယ်အလေးချိန် ၈၆၇ ပေါင်ခန့်အထိ လျှော့ချခဲ့သည်။

မန်နူရယ် အူရီဘီ သေဆုံးမှုကို မွန်တားရေးမြို့ရှိ Nuevo Leon ကျန်းမာရေးဌာန အရာရှိတစ်ဦးက အတည်ပြုပေးခဲ့သည်။

အူရီဘီသည် ကိုယ်တိုင်လမ်းမလျှောက်နိုင်တော့၍ နှစ်ပေါင်းများစွာ ခုတင်ပေါ်၌သာ နေခဲ့ရသည်။ နှလုံးခုန်သံမမှန်သောကြောင့် မေလ ၂ ရက်တွင် ၎င်းကို အရေးပေါ်ဌာနနှင့် ပြည်သူ့ကာကွယ်ရေးအလုပ်သမားများက ၀န်ချီစက်ဖြင့် သယ်မ၍ ဆေးရုံသို့ ပို့ခဲ့ခြင်းဖြစ်သည်။

အူရီဘီသေဆုံးရသည့် အကြောင်းရင်းကို ဆရာဝန်များက တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ၎င်းသည် နှလုံးရောဂါအပြင် အသည်းရောဂါလည်း ရှိသည်ဟု သိရသည်။

၎င်းသည် ၂၀၀၈ ခုနှစ်တွင် ကလောက်ဒီယာဆောလစ်ဆိုသူနှင့် လက်ထပ်ခဲ့သည်။

အူရီဘီသည် ဆယ်ကျော်သက်အရွယ်တွင် ကိုယ်အလေးချိန် ပေါင် ၂၅၀ ကျော်ရှိပြီးနောက်ပိုင်းတွင် ၎င်း၏ခန္ဓာကိုယ်သည် ပူဖောင်းကဲ့သို့ ဖောင်းကားလာခဲ့သည်။

၂၀၀၂ ခုနှစ်မှစ၍ ၎င်းသည် အိပ်ရာမှ မထနိုင်တော့ဘဲ အစာစားရန်နှင့် သန့်ရှင်းရေးတို့အတွက် မိခင်နှင့်သူငယ်ချင်းများအပေါ် မှီခိုခဲ့ရသည်။

—Ref: AP

ခုတင်ပေါ်တွင် ထိုင်နေရင်း လေ့ကျင့်ခန်းလုပ်နေသည့် မန်နူယ်အူရီဘီကို လွန်ခဲ့သော ၆ နှစ်က တွေ့ရစဉ်

Aye Chan Mon Credit To:http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top