0

Author: ရန်မျိုးနိုင်

မဲဆွယ်စည်းရုံးရာတွင် ကန့်သတ်မှုများ ရှိနေကြောင်း ဝေဖန်ထားခြင်းခံနေရသည့် ညွှန် ကြားချက်မူကြမ်းနှင့် ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်တို့ သီးသန့်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောသည်။

‘‘အန်ကယ်တို့က ရွေး ကောက်ပွဲဆိုင်ရာ ညွှန်ကြားချက် ကို ဥပဒေအနေနဲ့ ထုတ်ခွင့်မရှိ ဘူးလို့ ပြောတယ်။ သူတို့ကလည်း သေချာလေ့လာထားတယ်။ ထုတ်ပိုင်ခွင့်ရှိတယ်လို့ ပြန်ဆွေးနွေးကြ ပါတယ်။

တွေ့ဆုံမှုက သဘောတူညီချက်တော့ မရခဲ့ပါဘူး။ လွတ်လွတ်လပ်လပ်တော့ ဆွေးနွေးခွင့်တော့ ရပါတယ်’’ ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ဦးဉာဏ်ဝင်းကဆိုသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ဦးထွန်းထွန်းဟိန်တို့သည် မေလ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ ရှိ Summit Parkview ဟိုတယ် တွင် နာရီဝက်ကျော်ကြာတွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်သည်။

မေလ ဒုတိယပတ်အတွင်းက နိုင်ငံရေးပါတီများထံ ဖြန့်ဝေထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက် မူကြမ်းသည် ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးရာ၌ ကန့်သတ်မှု များရှိနေသည်ဟု နိုင်ငံရေးပါတီ များက ထောက်ပြထားသည်။

ယင်းညွှန်ကြားချက်မူကြမ်း အရ ပါတီဝင်လွှတ်တော်ကိုယ် စားလှယ်လောင်းတစ်ဦး၏ မဲဆန္ဒ နယ်တွင် ပါတီခေါင်းဆောင်က သွားရောက်မဲဆွယ်ပေးမည်ဆိုပါ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ခွင့်ပြုချက်တောင်း ခံရမည်ဖြစ်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲကဲ့ သို့ ၎င်း၏ ပါတီကိုယ်စားလှယ် လောင်းများထံ သွားရောက်မဲ ဆွယ်ဟောပြောပေးမည်ဆိုပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်သည်။

ထိုသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ခွင့်ပြုချက်တင်ပြခြင်းမှာ လုံခြုံရေးကိစ္စ ဆောင်ရွက်ပေးရန်နှင့် မဲဆွယ်စည်းရုံးမှုများ တစ်နေရာတည်းတွင် မထပ်နေစေရန် ဖြစ်သည်ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်ကို ဥပဒေအနေဖြင့် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ထုတ်ဝေခွင့်မရှိကြောင်း၊ ဥပဒေပြုခြင်းသည် ပြည်ထောင်စုလွှတ်တော်ကသာ လုပ် ဆောင်ရခြင်းဖြစ်သည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြော ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မီဒီယာများအား ပြောသည်။ ‘‘အန်ကယ်တို့က ညွှန်ကြားချက်မူကြမ်းကို ပြန်ပြင်ဖို့ ပြောတာမဟုတ်ဘူး။ ထုတ်ခွင့်မရှိဘူးလို့တော့ ပြောထားတာပဲ’’ ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လွှတ်တော်ကိုယ်စား လှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်မူကြမ်း ထုတ်ပြန်ရတော့မည်ဖြစ်သဖြင့် နိုင်ငံရေး ပါတီများထံမှ အကြံပြုချက်များကို စာရေးသားပို့ပေးရန် နိုင်ငံရေးပါတီများအား ပြောကြားထားသည်။

Aye Chan Mon# Credit To :http://7daydaily.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top