0

ဒီကချင်ထမင်းထောင်းလေးကို Fingerfood Garden ပိုင်ရှင်ညီမက
ကျွန်မကိုသင် ပေးတာပါ။ စားလို့လည်းကောင်းပြီး
တန်ဖိုးထားစရာ ရိုးရာအစားအစာဖြစ်လို့ မခြွင်းမချန်ဘဲပြောပြတဲ့ ညီမကို
အလွန်ကျေးဇူးတင်ပါတယ်ရှင်။ လွယ်ကူပြီး စားကောင်းတဲ့
ကချင်တိုင်းရင်းသားတို့ရဲ့ ထမင်းထောင်းလေး ဘယ်လိုလုပ်လဲကြည့်ရအောင် . . . ။

ပါဝင်ပစ္စည်းများ
........................
• ဆတ်သားခြောက် - အနည်းငယ်
• ထမင်း - ၁ ပွဲစာ
• ကြက်သွန်ဖြူ - ၁ တောင့်
• ငရုတ်သီးစိမ်း - ၂ တောင့်
• ပဲပုပ်ခြောက် - အနည်းငယ်
• သံပရာသီး - ၁ စိတ်
• ထမင်း - ၁ ပွဲစာ
• ဆား - အနည်းငယ်
• အရသာမှုန့် - အချိုဇွန်း ၁ ဇွန်း
• ဖက်ဖယ်ရွက်၊ ပင်စိမ်း၊ နံနံပင်

ပြုလုပ်နည်း
...............
ဆတ်သားခြောက်ကို ဆီစိမ်းဆမ်းပြီးနယ်ပေးထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ကြေညက်နေအောင်ထောင်းထားပြီး
ဆတ်သား ခြောက်လေးများပါ ရော ထောင်းပါ။ ညက်နေပါစေ။
နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းတို့ကို ရောထောင်းပြီး ညက်ပြီဆိုရင်
ထမင်း၊ ပဲပုပ်ခြောက်တို့ကို ထပ်ထည့်ကာ ထောင်းပေးပါ။
အရသာမှုန့်၊ ဆားတို့ကိုကိုရောပါ။ သံပရာ ရည်ကို ၁ ဇွန်းခန့်ထည့်ပြီး
ထမင်းဆုပ်လုံးလေးများ လက် တစ်ဆုပ်စာစီ လုံးပါ။ ဂျူးမြစ်၊
သခွားသီး၊ ခရမ်းချဉ်သီးတို့ဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။

...............................................................................
Htet Family's Creation

Aye Chan Mon# Credit To :FOOD Magazine
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top