0


ဘန်ကောက်၊ ACM Re-Post 26-5-2014

ထိုင်းစစ်တပ်က သောကြာနေ့က ဖမ်းဆီးထားသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဖမ်းဆီးထားဆဲပင် ဖြစ်ကြောင်း ထိုင်း ဒု-ဗိုလ်ချုပ်ကြီး တစ်ဦးက တနင်္လာနေ့တွင် ပြောကြားလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။

ထိုင်းတွင် စစ်တပ်က အာဏာ သိမ်းယူခဲ့ပြီးနောက် ယင်းလပ်နှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင်များ အပါအဝင် လူ ၂၀၀ ခန့်ကို စစ်တပ်သို့ သတင်းပို့ကြရန် အမိန့်ထုတ်ခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို သောကြာနေ့က ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လွှတ်ပေးလိုက်ပြီဟု ထိုင်းစစ်တပ် အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ သတင်းထွက်ပေါ်ခဲ့သော်လည်း တနင်္လာနေ့က ထိုင်းအလယ်ပိုင်းစစ်တပ် တပ်မှုး ဒု-ဗိုလ်ချုပ်ကြီး Thirachai Nakwanich က ယင်းလပ်မှာ စစ်တပ်ထိန်းချုပ်မှု အောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းလပ်ကို မည်သည့် နေရာတွင် ထားရှိသည် ဆိုသည်ကိုမူ ၎င်းက ပြောကြားရန် ငြင်းဆန်ခဲ့သည်။

“ယင်းလပ်ကို ကျွန်တော်တို့ စောင့်ရှောက်ထားပါတယ်။ ယင်းလပ်အနေနဲ့ သူကြိုက်တဲ့ နေရာမှာ နေနိုင်ပါတယ်” ဟု ထိုင်း ဒု-ဗိုလ်ချုပ်ကြီး Thirachai က ပြောကြားသည်။

မေလ ၂၂ ရက်နေ့က အာဏာသိမ်းခဲ့သော ထိုင်းစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာသည် တနင်္လာနေ့ နံနက်ပိုင်းက ထိုင်းဘုရင်၏ တရားဝင် ထောက်ခံမှုကို ရရှိခဲ့ပြီ ဖြစ်သည်။

ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးမည် ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top