0

ACM Re-Post 24-4-2014

နမ့်ခမ်း၊ မေ ၂၃- ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ဒုက္ခသည်စခန်း များ၌ သောက်သုံးရေ ရှားပါးမှုများဖြစ် ပေါ်နေကြောင်း နမ့်ခမ်းမြို့ ဂျော်ဒုက္ခ သည်စခန်းမှ သိရသည်။

''အဲဒီမှာရေက ရှာတော့ရှာနေ ရတယ်။ အခုအချိန်ထိတော့ ရှာလို့ မရသေး ဘူး။ မြို့ပေါ်ကမီးသတ်ကား ကို အကူ အညီတောင်းနေ ရတယ်။ နေ့ တိုင်း လိုလို ပဲ''ဟု ဂျော်ဒုက္ခသည်စခန်း မှ စခန်းတာဝန်ခံ ဦးမဂျီယော်ကပြော သည်။

ထိုကဲ့သို့ ဒုက္ခသည်စခန်းများ၌ ရေရှားပါးနေခြင်းမှာ ရေပိုက်မှလာ
သည့် ရေနည်းပါးခြင်းနှင့် မိုးမရွာခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။

''မီးသတ်ကားကို ဒီဇယ်ဖိုးတော့ ကျွန်တော် တို့မေတ္တာနဲ့ ပေးရတာပေါ့။ သူတို့က မတောင်းပါဘူး''ဟုလည်း ဦးမဂျီယော်က ဆက်ပြောသည် ။ ရေရှား ပါးနေသည့် ဒုက္ခသည်စ ခန်းနှစ်ခုမှ ဒုက္ခသည်များမှာ ၂၀၁၄ မေလဆန်းမှ ထွက်ပြေးလာသည့်စစ် ပြေးရှောင်ဒုက္ခသည်များဖြစ်သည်။

အဆိုပါ ဒုက္ခသည် စခန်းနှစ်ခုမှာ ပန်လုံဒုက္ခသည်စခန်းနှင့် ကျေးဇူးကမ္ဘာ ဒုက္ခသည်စခန်းတို့ဖြစ်ပြီး စခန်းနှစ်ခု ပေါင်းဒုက္ခသည်အရေအတွက် ၈၀၀ ဝန်းကျင်ရှိကြောင်းကိုလည်း သိရသည်။

နမ့်ခမ်းမြို့နယ်၌ ဒုက္ခသည်စခန်း စုစုပေါင်းငါးခုရှိပြီး ကျန်ဒုက္ခသည်စ ခန်းသုံးခုမှာမူ INGO များမှ အဝီစိ တွင်းတူးထားပေးခြင်းကြောင့် ရေရှား ပါးမှုမဖြစ်ပေါ်ပေ။

၂၀၁၂ခုနှစ်အတွင်း မန်တုံနှင့် နမ့်ခမ်းမြို့၌ ဒုက္ခသည်စခန်း နှစ်ခု သာရှိခဲ့သော် လည်း လက်ရှိအချိန်၌ ဒုက္ခသည်စခန်းခုနစ်ခုထိရှိလာပြီးလူ ဦးရေ ၃၀၀ဝ ခန့်ရှိ လာကြောင်း သိရ သည်။

KMP(M.M.K)

[--Democracy today Daily Newspaper--]

ACM Credit To:Yangon Media GROUPLOVE
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top