0

ACM Re-Post 24-4-2014

ဗီယက်နမ်ရှိ တရုတ် နိုင်ငံသားများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ ကို တားဆီး ပိတ်ပင်နိုင်ရေး လုပ်ဆောင်မှု အဖြစ် ဗီယက်နမ် အစိုးရသည် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြသူ ရာပေါင်းများစွာတို့ အား ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း ဗီယက်နမ် အစိုးရ အကြီးတန်း အရာရှိများ က ကြာသပတေးနေ့ က ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့ပြင် ဗီယက်နမ် အစိုးရ အရာရှိများက ဥပဒေအား ချိုးဖေါက်သူ မည်သူမဆို ပြင်းထန်သော အရေးယူမှုများ နှင့် ရင်ဆိုင်ရမည် ဟုလည်း သတိပေး ထားသေးသည်။ တောင်တရုတ် ပင်လယ် အတွင်း အငြင်းပွားဖွယ် ရေပိုင်နက်တွင် တရုတ်က ရေနံတူးစင် ချထားခြင်းကို ကန့်ကွက်ရာ မှ စတင်ပြီး ဗီယက်နမ်တွင် တရုတ် ဆန့်ကျင်မှုများ ကြီးထွားလာပြီး တရုတ် နိုင်ငံသား ရာပေါင်းများစွာတို့ တရုတ်ပြည်သို့ ပြန်ပြေးခဲ့ရသည်။

ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဇွန်က ''ဗီယက်နမ် အစိုးရဟာ တရားဥပဒေ နှင့် အညီ ဆောင်ရွက်ခဲ့ပြီး ဥပဒေ ချိုးဖေါက်သူများကို တရားဥပဒေနှင့် အညီ အရေးယူ ထားပါတယ်''ဟု မိန့်ခွန်း ပြောကြားထား သည်။ ထို့ပြင် ဗီယက်နမ် ၀န်ကြီးချုပ်က ထိုသို့ အရေးယူ ဆောင်ရွက်မှုများကြောင့် အခြေအနေများ ပုံမှန်သို့ ပြန်လည် ရောက်ရှိနေပြီး စီးပွားရေး လုပ်ငန်းများ ပုံမှန် ပြန်လည်ပတ်နေ ပြီဖြစ်ကြောင်း ဆိုထားသေးသည်။

ဗီယက်နမ် ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး ဖန်ကွန်ဗင် ကလည်း တရုတ်နှင့် အခြား နိုင်ငံခြားသားပိုင် စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်သူ ရာချီကို ယာယီဖမ်းဆီး ထိန်းသိမ်းထားသည် ဟုလည်း ဆိုထား သေးသည်။

ACM Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top