0

ACM Re-Post 24-4-2014

အရင် ကျတော်တို့ ငယ်ငယ်တုန်းက ကစားဖော် ကောင်မလေးတွေရဲ့ အသည်းကျော်အရုပ်ဟာ ဘာဘီရုပ်လေးဆို မမှားဘူးထင်ပါတယ်။
သတင်းတွေထဲမှာ လူသက်၇ှိဘာဘီကိုတွေ့တော့ ငယ်ငယ်က သူတို့တွေဆော့ကစားကြတာတွေကို မျက်စိထဲ ပြန်မြင်နေမိတယ် ။
ကြိုက်တဲ့ အကျီ င်္ လဲပေးလို့ရတယ်၊ ရေချိုးပေးလို့ရတယ်လေ။
ငယ်ငယ်က ဆော့ခဲ့ဖူးသူများ မှတ်မိဦးမှာပေါ့။ နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ငွေကြေးအမြောက်အမြား ကုန်ကျခံကာ ပလတ်စတစ်ဆာဂျီတွေ လုပ်ကြပြီး စိတ်ကူးယှဉ်ဘ၀ထဲက အရုပ်ဘာဘီလေးတွေ ဖြစ်ကြဖို့ ကြိုးစားသူတွေလည်း ရှိခဲ့ပါတယ်။

ထိုထဲမှာမှ Human Ken လို့ခေါ်တဲ့ လူသား အရုပ်။ ( ခွဲစိတ်ခံကာ အရုပ်မျက်နှာပေါက်ပြောင်းထားသူ) ၊ ရုရှားမှ Human barbie ( Valeria Lukyanova) တို့ကတော့ အရုပ်လောက မှာ အတွဲဖြစ်ရုံမျှမက အပြင်ဖက်မှာ လည်း ဆုံတွေ့ခြင်းတွေ ရှိခဲ့ပါတယ်။ ထို ဘာဘီရုပ်တွေထဲမှာ ပုံမှာတွေ့ရတဲ့ Dakota "Kotakoti" အကြောင်းကို အနည်းငယ်ဖော်ပြလိုက်ပါတယ်။
ဘာဘီရုပ်တွေ အသားအနာခံ ငွေကြေး ကုန်ကျခံကာ ပြောင်းရခြင်းရဲ့ အကြောင်းအရာတော်တော်များများထဲမှာ နောက်ခံ ဘ၀ရဲ့ ခါးသီးမူတွေ ရခဲ့ရခြင်းဆိုတဲ့ အချက်ဟာ ရှေ့ဆုံးမှ ပါဝင်နေပါတယ်။ အခုဖော်ပြမဲ့ Dakota ကတော့ ၁၉၉၅ ( အသက်၁၉ ) ဖွားဖြစ်ပြီး ဂျပန်၊ တရုတ်စတဲ့ အာရှနိင်ငံတော်တော်များများမှာ နာမည်ကြီးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ တကယ်တော့သူဟာ အမေရိကန်ဖွား တစ်ယောက်ဖြစ်ပြီး သူမရဲ့ ထူးခြားချက်ကတာ့ ပင်ကိုယ် ရုပ်ခံ တော်တော်များများက
ဘာဘီ ရုပ်နဲ့ သွားတူနေခြင်းဖြစ်ပါတယ်။

ပုံထဲမှာ တွေ့ရတဲ့အတိုင်း ချစ်စရာကောင်းလှတာကို မြင်တွေ့နိင်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ (ဒါကလည်း မိတ်ကပ်အချို့ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။) ဂျပန်ရုပ်သံနဲ့ အလှကုန်ကြော်ငြာမူတော်တော်များများတွင် သူမကို တွေ့နိင်မှာပါ။

သူမနဲ့ ပတ်သက်ပြီး ဗီဒီယိုများကို အောက်ပါလင့်တွင်တွေ့နိင်ပါတယ်။

>>> https://www.youtube.com/user/dakotakoti/videos

ပုံတွေအတွက် >> http://goo.gl/tv90uF

အောင်ဟိန်း ( ရိုးရာလေး)

ACM Credit To:YoYarLay
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top