လက်နက်ကိုင် ပြည်သူ့စစ်များ မြို့တော် ထရီပလီမှ ထွက်ခွာပေးကြရန် လစ်ဗျားအစိုးရ ညွန်ကြားချက်ထုတ်
ACM Re-Post 24-4-2014
လစ်ဗျားမြို့တော် ထရီပလီတွင် တပ်စွဲနေကြသော ပြည်သူ့ စစ်လက်နက်ကိုင် တပ်ဖွဲ့အားလုံး မြို့တော်မှ ထွက်ခွာ ရွှေ့ပြောင်း ပေးကြရန် လစ်ဗျားအစိုးရက ညွန်ကြားချက် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
လစ်ဗျားတွင် အာဏာရှင် မွမ်မာကဒါဖီကို ဖြုတ်ချပြီး သုံးနှစ်ကြာ ကြာပြီးသည့်တိုင် တည်ငြိမ်မှု မရှိသေးဘဲ နိုင်ငံရေး အဖွဲ့များ ကြားမှာရော စစ်ဘက် လက်နက်ကိုင်များ ကြားမှာပါ အစု အများအပြား ကွဲပြားလျက် ရှိသည်။ ကဒါဖီကို တိုက်ခိုက်ခဲ့စဉ် က ဒေသ အသီးသီးမှ စစ် ခေါင်းဆောင်များ ဦးဆောင်သော ပြည်သူ့စစ် တပ်ဖွဲ့များသည် လည်း ယခုအခါ ဂိုဏ်းဂဏများ ကွဲပြားကာ အာဏာလု ပြိုင်ဆိုင် တိုက်ခိုက်လျက် ရှိသည်။
ဗိုလ်ချုပ်ဟောင်း ခါလီဇာ ဟက်ဖ်တာသည် ပြည်သူ့ စစ်တပ်ဖွဲ့များထဲ တွင် အင်အား အကြီးဆုံးအဖွဲ့ကို ဦးဆောင် လျက်ရှိပြီး လစ်ဗျား စစ်ဘက်နှင့် နိုင်ငံရေး ဘက်မှာပါ နောက်လိုက် နောက်ပါနှင့် ထောက်ခံသူ တိုး ပွားလာနေသည်။
ဇွန်လ(၂၅) ရက်နေ့ တွင် ရွေးကောက်ပွဲ ကျင်းပတော့ မည်ဖြစ်ရာ ထိုရက်မတိုင်ခင် ပြည်သူ့ စစ်တပ်ဖွဲ့များ အားလုံး လစ်ဗျားမြို့တော် ထရီပလီမှ ထွက်ခွာ သွားကြရန် ၀န်ကြီးချုပ် အဗ္ဗဒူလာ အယ်လ်-သာနီက ကြေညာချက် ထုတ်ပြန်လိုက်သည်။ ပြည်သူ့ စစ်တပ်ဖွဲ့များ အနေဖြင့် နိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်ခြင်းမျိုး မလုပ်ဆောင်ရန် လည်း သတိပေးလိုက် သည်။
ပြီးခဲ့သည့် တနင်္ဂနွေက ဗိုလ်ချုပ်ဟောင်း ဟက်ဖ်တာကို ထောက်ခံသည့် ဇင်တန် ပြည် သူ့စစ်တပ်ဖွဲ့ သည် အစ္စလာမ္မစ်များ ဦးဆောင်သည့် အထွေထွေ အမျိုးသား ကွန်ဂရက် (GNC) ပြည်သူ့စစ်တပ်ဖွဲ့ တပ်စွဲထားရာ ထရီပလီမြို့ဝင်းကို ၀ိုင်းဝန်း တိုက်ခိုက်ပြီး မီးတင်ရို့ခဲ့ကြသည်။
အတုံ့အလှည့် အားဖြင့် GNC သည် မီဆာရာတာမြို့ အခြေစိုက် ပြည်သူ့ စစ်တပ်ဖွဲ့ကို အကူအညီ တောင်းခံခဲ့ပြီး ဇင်တန် ပြည်သူ့ စစ်တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့သည်။ သို့သော် မီဆာရာတာမြို့ ပြည်သူ့ စစ်တပ်ဖွဲ့ က ထရီပလီမြို့ နိုင်ငံရေးနှင့် စစ်ရေးကိစ္စများ တွင် ကင်းကင်းနေမည် ဟု တုံ့ပြန်ခဲ့သည်။ သို့ဖြစ်သည့်တိုင် မီဆာရာတာမြို့ အခြေစိုက် ပြည်သူ့ စစ်တပ်ဖွဲ့ အချို့သည် ကြာသပတေးနေ့တွင် ထရီပလီမြို့တောင်ပိုင်းခြမ်း ဒေသများသို့ ၀င်ရောက် လာသဖြင့် ဇင်တန် ပြည်သူ့စစ် အဖွဲ့များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားလာမည် ကို စိုးရိမ် နေရသည်။
ACM Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.