0

အဂ္ဂမင်း ၊ ရန်ကုန်၊

အလုပ်သမားပြဿနာများ ကို သက်ဆိုင်ရာခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ပေးသည့်အပေါ် အချို့အ လုပ်ရှင်များမှာလိုက်နာမှုမရှိ ကြောင်း အလုပ်သမားအခွင့်အရေးဆောင် ရွက် သူရှေ့နေဦးယဉ်အောင်က ပြော သည်။

အလုပ်ရှင်အလုပ်သမား ပြဿ နာများပေါ်ပေါက်လာပါက အလုပ် သမားညွန်ကြားမှုဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦး၊ အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်တစ်ဦးနှင့် အလုပ် သမားကိုယ်စားလှယ်တစ်ဦးတို့မှ ခုံသမာဓိအဖွဲ့ဖွဲ့၍ ဖြေရှင်းကာဆုံး ဖြတ်ပေးရကြောင်း၊ ထိုဆုံးဖြတ်ချက် များအပေါ် အလုပ်ရှင်အချို့မှလိုက် နာမှုမရှိကြကြောင်းယင်းကပြော သည်။

''ခုံသမာဓိအဖွဲ့အနေနဲ့ အလုပ် သမားဥပဒေနဲ့ အညီအခု ထက်ပို ကြပ်မတ်ဖို့လိုအပ်လာပြီ။ သူတို့ဆုံး ဖြတ်တာကိုမလိုက်နာရင် အလုပ်သ မားတွေအတွက် ဘာမှထူးလာမှာ မဟုတ်ဘူး''ဟု ယင်းကပြောသည်။

အလုပ်သမားအငြင်းပွားမှု ပြဿနာများဖြေရှင်းရေးအတွက် ခုံသမာဓိကောင်စီအဖွဲ့ဝင်တစ်ဦး ဖြစ်သူဦးသန်းမောင် (စစ်တွေ)ကလည်း လက်ရှိအလုပ်သမားအငြင်းပွားမှု ဆိုင်ရာ ဖြေရှင်းရေးဥပဒေအရ ခုံသ မာဓိရုံး၏ ဆုံးဖြတ်ချက်ကို မလိုက် နာလျှင် မည်သို့အရေးယူရမည်ဆို သည့် ပုဒ်မပါရှိခြင်းမရှိသည့်အတွက် ယခုမှပြန်လည်ပြင်ဆင် နေဆဲဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နှင့် တွေ့ ဆုံစဉ်ပြောဆိုခဲ့ဖူးသည်။

အလုပ်ရှင်များအနေဖြင့် ယ ခင်ထက် အလုပ်သမားများအပေါ် လုပ်ပိုင်ခွင့်များပိုမိုပေးလာပါကြောင်း၊ အချို့သောစက်ရုံအလုပ်ရုံများတွင် အလုပ်သမားလိုအပ်ချက်ကိုအခွင့် ကောင်းယူနေသူများလည်းရှိကြောင်းရွှေပေါက္ကံစက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

''အလုပ်သမားနဲ့ အလုပ်ရှင် ကြား အဆင်မပြေတာတော့ တစ်ခါ တလေရှိမှာပဲ။ ဒါပေမဲ့ ဒါကိုအခွင့် ကောင်းယူတဲ့လူ မျိုးတွေကိုလဲသတိ ထားသင့်တယ်''ဟုယင်းကပြော သည်။

၂ဝ၁၄ခုနှစ်တွင် ယမန်နှစ်ထက် အလုပ်သမားဆန္ဒပြမှုများ သိသိ သာသာလျော့ ကျလာခဲ့သော်လည်း အချို့ပြေလည်မှုရရှိပြီးသောအလုပ်ရုံများတွင် ပြဿနာများထပ်မံပေါ် ပေါက်လျက်ရှိနေသည်။

အနိမ့်ဆုံးလုပ်ခလစာဥပဒေ အပါအဝင် အလုပ်သမားဆိုင်ရာ အခွင့်အရေးများရရှိရန် မေ ၁ရက် (May Day)တွင် ဆူးလေစေတီတော် အနီးတွင် စက်ရုံအလုပ်ရုံ ၁ဝ ရုံခန့် မှ အလုပ်သမားများစုပေါင်းဆန္ဒပြ ကြမည်ဖြစ်သည်။

Aye Chan Mon# Credit To : Yangon Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top