0

ဟင်္သာတ၊ မေ ၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့အတွက် ဆန့်ကျင်ဘက် အမြင်များဖြင့် မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ဆန္ဒဖော်ထုတ်ပွဲများ အပြိုင်ကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ပါတီများ၏ ကော်မတီဝင်များက ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီများက ဦးဆောင်၍ လူအင်အား တစ်ထောင်ကျော်ဖြင့် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲကို မေလ ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ယင်းပါတီ၏ မြို့နယ် ကော်မတီဝင် ဦးကြည်ဝင်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ပါတီဥက္ကဋ္ဌကြီးတို့က ပြောဆိုထားပြီး ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း မဟုတ်ဘဲ ပုဒ်မ ၅၉ (စ) တစ်ခုတည်းကိုသာ မပြင်ဆင်ရန် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး၊ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ ဒေသတည်ငြိမ် အေးချမ်းရေး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မည် ဖြစ်ရာ ပိုစတာအသေး ၁၀၀ ကျော် ကိုင်ဆောင်၍ လေးမျက်နှာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးရှေ့မှ စီတန်း လမ်းလျှောက်ကာ ဗိုလ်ချုပ်လမ်း၊ ဘုရင့်နောင်လမ်း၊ လမ်းမတော်လမ်းတို့ကို ဖြတ်လျှောက်မည် ဖြစ်ကြောင်း၊ လေးမျက်နှာ မြို့နယ်အတွင်း ကျေးရွာ အုပ်စုပေါင်း ၄၆ အုပ်စုရှိ ပြည်သူများလည်း ပါဝင်မည် ဖြစ်ပြီး ဟောပြောပွဲများ ပါဝင်မည် မဟုတ်ကြောင်း ဦးကြည်ဝင်းက ရှင်းပြသည်။

ယင်းဆန္ဒ ဖော်ထုတ်ခွင့်အတွက် လူဦးရေ ၁၅၀၀ ဖြင့် ဆန္ဒထုတ်ဖော်ရန် တောင်းဆိုခဲ့သော်လည်း လူဦးရေ တစ်ထောင်သာ ခွင့်ပြုခဲ့ကြောင်း လေးမျက်နှာမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက အတည်ပြု ပြောဆိုသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲ မတိုင်မီ မေလ ၂ ရက်နေ့တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ရေးအတွက် လေးမျက်နှာ မြို့နယ် NLD ပါတီက လူဦးရေ ၈၀၀၊ ပိုစတာ ၃၀၀ ကျော် ကိုင်ဆောင်၍ ကြွေးကြော်သံ များဖြင့် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးစိုးခိုင်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ခွင့်နှင့် ပတ်သက်၍ လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှူးထံနှင့် လေးမျက်နှာ အထွေထွေ အုပ်ချုပ်ရေးမှူးထံ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်း မရှိပေ။

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top