0
တို့လူငယ်များ ဆိုသလေ ...
ဝေ လေ လေ တဲ့လား ... ။

ဒီမိုကရေစီ မြင်ကွင်းစုံ
ရင်ခုန်နေလို့ ပြီးရော့လား။

အနောက်တံခါး အန္တရာယ်ဇုန်
ရင်တုန်နေလို့ ပြီးရော့လား။

အရှေ့တံခါး ယွမ်ငွေပုံ
ရင်လှုံနေလို့ ပြီးရော့လား။

ဒီမိုးက ရေစီးလို့
ခေါင် ကလည်း ယို၊
တောင် ကလည်း ယို၊
မြောက် ကလည်း ယို၊
အနောက် ကလည်း ယို၊
အရှေ့ကလည်း ယိုသနဲ့
ခိုစရာ အခြေပျက်လို့
ငိုစရာတွေ ပွက်ထနေသလောက်
တက် (တောက်)ခေါက်သံ ပျောက်ဆုံးသွားတဲ့
လူငယ်တွေကြားမှာ
ကမ္ဘာမကြေဘဲ မြန်မာကြေ
ဒါ တို့မြေ ဟုတ်ရဲ့လား
ဒါ တို့ပြေ (ပြည်) ဟုတ်ရဲ့လား ... ။

တို့လူငယ်များ ဆိုသလေ
ဝေလေလေနဲ့ ပြီးတော့မလား။ ။
မေပွင့်ဖြူ

Eternal Light Magazine
May 2014

ACM Credit To:Eternal Light Magazine
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/
2

Post a Comment

 
Top