0
အိန္ဒိယနိုင်ငံမှာ ဟိန္ဒူ အမျိုးသားရေးပါတီ BJP က သူတို့ ခေါင်းဆောင် နာရင်ဒရာ မိုဒီဟာ ဝန်ကြီးချုပ်အဖြစ် လာမယ့် တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ ကြေညာလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့သူ အငြင်းပွားစရာ နိုင်ငံရေးသမား မစ္စတာ မိုဒီက အဲဒီနေ့မှာပဲ အစိုးရအဖွဲ့ ဖွဲ့စည်းလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

စောစောပိုင်းကတော့ မစ္စတာ မိုဒီက သူ့ရဲ့ အောင်မြင်မှုကို ဝမ်းသာစကား ပြောခဲ့တဲ့ အိန္ဒိယသမ္မတ Pranab Mukherjee နဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ BJP ပါတီဟာ နှစ် ၃၀ အတွင်း အိန္ဒိယမှာ ပထမဆုံးအကြိမ် အပြတ်အသတ် အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

ပုံစာ- တနင်္လာနေ့မှာ အိန္ဒိယရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာမယ့် အငြင်းပွားဖွယ် နိုင်ငံရေးသမား နာရင်ဒရာ မိုဒီ။

ACM Credit To:BBC Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top