အကြံပြုချက်များ ဖိတ်ခေါ် ခြင်း
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက်
၁။ ဘာသာ သာသနာနှင့် ဆက်စပ်၍ အကြံပြုပေးပို့လာသော ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရေး ကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေပြု လွှတ်တော်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ရေးဆွဲပြီး ပြဋ္ဌာန်းပေးသင့်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့မှု အပေါ်၊ သက်ဆိုင်ရာ ဆက်နွှယ်သော ဌာနအသီးသီး၏ အကြံပြုချက်များကိုရယူကာ အောက်တွင် ဖော်ပြထားသည့် ယှဉ်တွဲပါဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဥပဒေ (မူကြမ်း) များ ရေးဆွဲပြီးမှ လွှတ်တော်သို့ တင်သွင်းပါရန်နှင့် လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၉၈ နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား အမှန်တကယ် ရရှိရေးအတွက် အလေးထား စဉ်းစားသုံးသပ်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်
(က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ - သာသနာရေးဝန်ကြီးဌာန
(ခ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေ - လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန
(ဂ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပေ
(ဃ)တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ- ပြည်ထောင်စုတရား လွှတ်တော်ချုပ်
၂။ ထိုသို့ ပြည်ထောင်စုလွှတ်တော်၏ ပြန်ကြားမှုအရ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း နှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေကြမ်း တို့ကို ရေးဆွဲရန် နိုင်ငံတော်သမ္မတရုံးသည် ၇-၃-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၉/၂၀၁၄ ဖြင့် ဒုတိယရှေ့နေချုပ် ဦးဆောင်သော "ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်" ကို ဖွဲ့စည်း တာဝန်ပေးခဲ့ပါသည်။ ကော်မရှင်သည် ယင်းဥပဒေကြမ်းနှစ်ရပ်ကို ပြည့်စုံစွာ ရေးဆွဲနိုင်ရေးအတွက် ရဟန်းရှင်လူ ပြည်သူများထံမှ အကြံပြုချက်များနှင့် ဥပဒေကြမ်းများ ပေးပို့ပါရန် ၉-၃-၂၀၁၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖိတ်ခေါ်ခဲ့ပါသည်။
၃။ ဌာန၊ အဖွဲ့အစည်းနှင့် အများပြည်သူတို့ထံမှ လက်ခံရရှိသော အကြံပြုချက်များနှင့် ဘာသာရပ် ကျွမ်းကျင်သူ ပညာရှင်များ၏ အကြံဉာဏ်များကို အခြေခံ၍ ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်က ကနဦး ရေးဆွဲထားသော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ (မူကြမ်း) ကို အများပြည်သူ သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။
၎။ ဤဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ရဟန်းရှင်လူ ပြည်သူများထံမှ အကြံပြုချက်များ ရရှိလိုပါသည်။ အကြံပြုချက်များကို ၂၀-၆-၂၀၁၄ ရက်၊ သောကြာနေ့ မတိုင်မီ "ဦးဝင်းမြင့် (ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ အတွင်းရေးမှူး၊ ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရုံးအမှတ် ၂၅၊ နေပြည်တော်" ထံသို့ စာတိုက်မှဖြစ်စေ၊ ဖက်စ်နံပါတ် ၀၆၇-၄၀၄၂၈၄ သို့ဖြစ်စေ ပေးပို့နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
------------------------------
ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ (မူကြမ်း) အပြည့်အစုံကို အောက်တွင် ဖော်ပြပါသည်-
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)
၁၃၇၆ ခုနှစ်၊ လ ရက်
( ၂၀၁၄ ခုနှစ်၊ လ ရက် )
နိဒါန်း
ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်း
အခန်း (၁ )
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ဟု ခေါ်တွင် စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -
(က) ကိုးကွယ်ရာဘာသာ ဆိုသည်မှာ သူတစ်ဦးက မိမိယုံကြည်ရာအလိုက် စွဲယူ ကိုးကွယ်သော ဘာသာကို ဆိုသည်။
(ခ) ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုသည်မှာ သူတစ်ဦးက မိမိ၏ ယုံကြည်ရာအလိုက် စွဲယူကိုးကွယ်လျက်ရှိသော ဘာသာကိုစွန့်လွှတ်၍ ဖြစ်စေ၊ ဘာသာမဲ့ အဖြစ်မှဖြစ်စေ အခြား ကိုးကွယ်ရာဘာသာသို့ လွတ်လပ်သော သဘောဆန္ဒဖြင့် ကူးပြောင်းကိုးကွယ်ခြင်းကို ဆိုသည်။
(ဂ) ကိုးကွယ်ရာ ဘာသာကူးပြောင်းလိုသူ ဆိုသည်မှာ မိမိ၏ လွတ်လပ်သော သဘောဆန္ဒအရ ဘာသာကူးပြောင်းနိုင်ရန် မှတ်ပုံတင်ရေး အဖွဲ့သို့ လျှောက်ထားသူကို ဆိုသည်။
(ဃ) မှတ်ပုံတင်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ စိစစ်မှတ်ပုံတင်ရေးအဖွဲ့ကို ဆိုသည်။
(င)မှတ်ပုံတင်ရေးအဖွဲ့ရုံး ဆိုသည်မှာ မှတ်ပုံတင်ရေးအဖွဲ့၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဤဥပဒေတွင် သတ်မှတ်ထားသော ဌာနကို ဆိုသည်။
(စ) သက်သေခံလက်မှတ် ဆိုသည်မှာ သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့က ထုတ်ပေးသော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ သက်သေခံ လက်မှတ်ကို ဆိုသည်။
အခန်း (၂ )
မှတ်ပုံတင်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းရန် လျှောက်ထားခြင်း
၃။ မြို့နယ်အသီးသီးတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ စိစစ်မှတ်ပုံတင်ရေးအဖွဲ့ကို ဖွဲ့စည်းသည် -
(က) မြို့နယ်သာသနာရေးမှူး
မြို့နယ်သာသနာရေးမှူးရုံး
ဥက္ကဋ္ဌ
(ခ ) ဦးစီးဌာနမှူး
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင်
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
အဖွဲ့ဝင်
(ဂ )ဒုတိယအုပ်ချုပ်ရေးမှူး
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစ
။
(ဃ)အုပ်ချုပ်ရေးမှူး၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရွေးချယ်သော မြို့မိ၊ မြို့ဖ နှစ်ဦး
။
(င )ဥက္ကဋ္ဌ
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့
။
(စ) မြို့နယ်ပညာရေးမှူးက တာဝန်ပေးအပ်သောပညာရေး ဝန်ထမ်း တစ်ဦး
အတွင်းရေးမှူး
၎။ မည်သူမဆို မိမိကိုးကွယ်ရာဘာသာမှဖြစ်စေ၊ ဘာသာမဲ့အဖြစ်မှဖြစ်စေ အခြား ကိုးကွယ်ရာ ဘာသာသို့ လွတ်လပ်စွာ ကူးပြောင်းကိုးကွယ်ခွင့်ရှိသည်။
၅။ ကိုးကွယ်ရာဘာသာကူးပြောင်းလိုသူသ
(က)အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(ခ ) မူလ မိမိကိုးကွယ်ရာဘာသာမှ အခြားကိုးကွယ်ရာဘာသာသို့ မိမိ၏ လွတ်လပ်သော သဘောဆန္ဒဖြင့် ကူးပြောင်းလိုခြင်း ဖြစ်ရမည်။
(ဂ) မိမိနှင့်သက်ဆိုင်သည့် အောက်ပါအချက်များ ဖော်ပြထားသော လျှောက်လွှာကို သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့ရုံးသို့ တင်ပြရမည် -
(၁)အမည်၊
(၂)အသက်နှင့် မွေးသက္ကရာဇ်၊
(၃)ကိုင်ဆောင်သည့် မှတ်ပုံတင်လက်မှတ်အမှတ်၊
(၄)ဖခင်အမည်နှင့် ကိုးကွယ်ရာဘာသာ၊
(၅)မိခင်အမည်နှင့် ကိုးကွယ်ရာဘာသာ၊
(၆)ဇနီး သို့မဟုတ် ခင်ပွန်းရှိလျှင် ၎င်း၏ အမည်နှင့် ကိုးကွယ်ရာ ဘာသာ၊
(၇)လက်ရှိကိုးကွယ်ရာဘာသာ၊
(၈)ကူးပြောင်းလိုသည့် ကိုးကွယ်ရာဘာသာ၊
(၉)ကိုးကွယ်ရာဘာသာကူးပြောင်းလို
(ဃ) ကူးပြောင်းရန် လျှောက်ထားသည့် ကိုးကွယ်ရာ ဘာသာအား အမှန်တကယ် သက်ဝင် ယုံကြည်ခြင်း ရှိ မရှိနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့၏ မေးမြန်းခြင်းကို ခံယူရမည်။
၆။ မှတ်ပုံတင်ရေးအဖွဲ့ရုံးသည် ကိုးကွယ်ရာဘာသာကူးပြောင်းလိုသူက
(က) လျှောက်လွှာတွင် အချက်အလက်များ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ မရှိ စိစစ်ရမည်။
(ခ) လျှောက်လွှာပါ အချက်အလက်များ ပြည့်စုံခြင်းမရှိပါက လိုအပ်ချက်ကို ရှင်းပြ၍ ဖြည့်စွက်တင်ပြစေရမည်။
(ဂ)လျှောက်လွှာတွင် အချက်အလက်ပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိလျှင် မှတ်ပုံတင်စာရင်း ရေးသွင်းပြီး အမှုတွဲဖွင့်လှစ်ရမည်။
(ဃ)ကိုးကွယ်ရာဘာသာ ကူးပြောင်းလိုသူအား မှတ်ပုံတင်ရေးအဖွဲ့နှင့် တွေ့ဆုံမေးမြန်းနိုင်ရေး အတွက် လျှောက်လွှာလက်ခံရရှိသည့် နေ့ရက်၏ နောက်တစ်နေ့မှ ခုနစ်ရက်အတွင်း သင့်လျော်သည့်နေ့ရက်ကို ချိန်းဆိုရမည်။
(င)ကိုးကွယ်ရာဘာသာ ကူးပြောင်းလိုသူ၏ နေရပ်သည် မှတ်ပုံတင်ရေး အဖွဲ့ရုံး တည်ရှိရာနေရာနှင့် ဝေးကွာသောနေရာ သို့မဟုတ် သွားလာရေး ခက်ခဲသော နေရာဖြစ်ပါက မှတ်ပုံတင်ရေးအဖွဲ့သို့ ချက်ချင်းတင်ပြ၍ ကိုးကွယ်ရာဘာသာ ကူးပြောင်းလိုသူအား အမြန်ဆုံးတွေ့ဆုံမေးမြန်း နိုင်ရန် လိုအပ်သလို စီစဉ်ဆောင်ရွက်ရမည်။
အခန်း (၃ )
သက်သေခံလက်မှတ်ထုတ်ပေးခြင်း
၇။မှတ်ပုံတင်ရေးအဖွဲ့သည် -
(က)ကိုးကွယ်ရာဘာသာ ကူးပြောင်းလိုသူအား တွေ့ဆုံမေးမြန်းရာတွင် မှတ်ပုံတင်ရေးအဖွဲ့၏ အဖွဲ့ဝင် အနည်းဆုံး လေးဦးပါဝင် ဆောင်ရွက် ရမည်။
(ခ )ကိုးကွယ်ရာဘာသာ ကူးပြောင်းလိုသူအား တွေ့ဆုံမေးမြန်းရာတွင် သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာလွှမ်းမိုးခြင်းနှင့် အနိုင်အထက်ပြုခြင်း သို့မဟုတ် ယင်းသို့ သဘောသက်ရောက်သော အပြောအဆို၊ အပြုအမူတို့ကို ရှောင်ကြဉ်၍ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းလိုသူက လွတ်လပ်သော သဘောဆန္ဒနှင့် အညီ လျှောက်ထားခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် ဆွေးနွေးမေးမြန်းရမည်။
(ဂ)ပုဒ်မခွဲ (ခ) အရ ဆွေးနွေးမေးမြန်းတွေ့ရှိချက်ကို
(၁) ကိုးကွယ်ရာဘာသာ၏ အနှစ်သာရ၊
(၂) ကိုးကွယ်ရာဘာသာ၏ ထိမ်းမြားလက်ထပ်ခြင်း၊ ကွာရှင်း ပြတ်စဲခြင်းနှင့် ပစ္စည်းခန်းခွဲဝေခြင်း ဆိုင်ရာ ဓလေ့ထုံးတမ်းများ၊
(၃)ကိုးကွယ်ရာဘာသာ၏ အမွေဆက်ခံခြင်းနှင့် သားသမီး အုပ်ထိန်းခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းများ။
(ဃ)ကိုးကွယ်ရာဘာသာ ကူးပြောင်းလိုသူက ပုဒ်မခွဲ (ဂ) အရ သတ်မှတ် ကာလကို တိုးမြှင့်ပေးရန် တောင်းဆိုလျှင် လျှောက်ထားသည့် နေ့မှ ရက်ပေါင်း ၁၈၀ ထက် မပိုစေသော ကာလအထိ တိုးမြှင့် ပေးနိုင်သည်။
(င)ကိုးကွယ်ရာဘာသာကူးပြောင်းလို
(စ)ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ရက် သို့မဟုတ် ပုဒ်မခွဲ (ဃ) အရ တိုးမြှင့် ပေးသည့်ရက် ပြည့်သည့်အချိန်တွင် ကိုးကွယ်ရာဘာသာ ကူးပြောင်း လိုသူကို ထပ်မံတွေ့ဆုံပြီး ဆွေးနွေးရာ၌ ကိုးကွယ်ရာ ဘာသာ ကူးပြောင်း လိုသူက -
(၁)ကိုးကွယ်ရာဘာသာကူးပြောင်းရန်
(၂)ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းပြုရန် ဆန္ဒမရှိတော့ကြောင်း တင်ပြလျှင် ယင်း၏ တင်ပြချက်ကို သာသနာရေးဦးစီးဌာနက သတ်မှတ်သည့်အတိုင်း ရေးသားမှတ်တမ်းတင်ပြီး ကိုးကွယ်ရာ ဘာသာ ကူးပြောင်းရန်လျှောက်လွှာကို သိမ်းဆည်းထားရမည်။
(ဆ)ပုဒ်မခွဲ (စ) အရ ဆောင်ရွက်ရာတွင် ကိုးကွယ်ရာဘာသာ ကူးပြောင်း လိုသူ၏ ဆန္ဒကို ယင်းကိုယ်တိုင် စာဖြင့် ရေးသား လက်မှတ်ရေးထိုး စေရမည်။ ကိုးကွယ်ရာဘာသာ ကူးပြောင်းလိုသူသည် ကိုယ်တိုင် စာရေးသားနိုင်ခြင်း မရှိပါက မှတ်ပုံတင်ရေးအဖွဲ့က ရေးသား၍ ပြန်လည် ဖတ်ပြပြီး ယင်းအား လက်မှတ်ရေးထိုးစေခြင်း သို့မဟုတ် လက်ဗွေခတ် နှိပ်စေခြင်း ပြုရမည်။
၈။ မှတ်ပုံတင်ရေးအဖွဲ့သည် -
(က) ကိုးကွယ်ရာဘာသာကူးပြောင်းလိုသူက
(ဃ) အရ သတ်မှတ်ရက်အတွင်း ပြန်လည်သတင်းပို့ခြင်းမရှိလျှင်
(ခ) ပုဒ်မခွဲ (က) အရ အကြောင်းကြားသော်လည်း သတင်းပို့ရန် ဆက်လက် ပျက်ကွက်နေပါက လျှောက်ထားသူအား သက်သေခံလက်မှတ် ထုတ်ပေးရခြင်း မရှိကြောင်း သက်ဆိုင်ရာအမှုတွဲတွင် မှတ်တမ်း တင်ရမည်။
၉။ မှတ်ပုံတင်ရေးအဖွဲ့သည် အောက်ပါအကြောင်းတစ်ခုခုကြောင့် မှတ်ပုံတင်ရေး အဖွဲ့ရုံးသို့ ကိုးကွယ်ရာဘာသာ ကူးပြောင်းလိုသူ ကိုယ်တိုင်လာရောက်ခြင်း မပြုနိုင်လျှင် သော်လည်းကောင်း၊ ဆောလျင်စွာ ဆောင်ရွက်ရန် ခိုင်လုံသော အကြောင်း ပေါ်ပေါက်လျှင် သော်လည်းကောင်း ပုဒ်မ ၇ ပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သလို ဆောင်ရွက်ပြီး သက်သေခံလက်မှတ် ထုတ်ပေးနိုင်သည် -
(က) အသက်အရွယ်ကြီးရင့်ပြီး သွားလာရန် ခက်ခဲခြင်း၊
(ခ) ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရခြင်း၊
(ဂ) မသန်စွမ်းဖြစ်ခြင်း။
၁၀။ မှတ်ပုံတင်ရေးအဖွဲ့သည် -
(က) ပုဒ်မ ၇၊ ပုဒ်မခွဲ (စ)၊ ပုဒ်မခွဲငယ် (၁) အရ သက်သေခံလက်မှတ် ထုတ်ပေးသည့်အခါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းပြုသူနှင့် ပတ်သက်သော အောက်ပါအချက်များကို ဖော်ပြ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သာသနာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန များသို့ သာသနာရေး ဦးစီးဌာနက သတ်မှတ်သည့်ပုံစံဖြင့် တင်ပြရမည် -
(၁) အမည်၊
(၂) ဖခင်အမည်နှင့် ကိုးကွယ်ရာဘာသာ၊
(၃) ကိုင်ဆောင်သည့် မှတ်ပုံတင်လက်မှတ်အမှတ်၊
(၄) နေရပ်လိပ်စာ၊
(၅) မူလကိုးကွယ်ရာဘာသာ၊
(၆) ကူးပြောင်းခွင့်ပြုသည့် ကိုးကွယ်ရာဘာသာနှင့် ကူးပြောင်း ခွင့်ပြုသည့် ရက်စွဲ။
(ခ) တစ်စုံတစ်ဦး၏ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်းကြောင့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းပြုရန် လျှောက်ထားခြင်း ဖြစ်ကြောင်း -
(၁) လျှောက်ထားသူကိုယ်တိုင်၏ တင်ပြချက်အရ သိရှိရလျှင် သက်သေခံ လက်မှတ် ထုတ်ပေးခြင်း မပြုဘဲ မှတ်တမ်းတင် ထားရှိရမည်။
(၂) တစ်နည်းနည်းဖြင့် စိစစ်တွေ့ရှိရသော်လည်း လျှောက်ထားသူ ကိုယ်တိုင်က တင်ပြခြင်း မပြုလျှင် စိစစ်တွေ့ရှိချက်ကို လျှောက်ထားသူအား အသိပေးမေးမြန်းပြီး လျှောက်ထားသူက ကိုးကွယ်ရာ ဘာသာကူးပြောင်းရန် ဆန္ဒရှိကြောင်း ထပ်မံ အတည်ပြုပါက သက်သေခံ လက်မှတ်ထုတ်ပေး၍ အကြောင်း အရာ၊ အချက်အလက်များကို မှတ်တမ်းတင်ထားရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ ဆောင်ရွက်ချက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သာသနာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနများသို့ သာသနာရေး ဦးစီးဌာနက သတ်မှတ်သည့်ပုံစံဖြင့် တင်ပြရမည်။
၁၁။ မှတ်ပုံတင်ရေးအဖွဲ့က သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပြီး သက်သေခံ လက်မှတ် ထုတ်ပေးသည့်နေ့ရက် အချိန်မှစ၍ ကိုးကွယ်ရာ ဘာသာကူးပြောင်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
အခန်း (၄)
ကိုးကွယ်ရာဘာသာ ကူးပြောင်းသူ၏ အခွင့်အရေးနှင့် တာဝန်
၁၂။ ကိုးကွယ်ရာဘာသာ ကူးပြောင်းသူသည် အောက်ပါအခွင့်အရေးများကို ခံစားခွင့် ရှိသည်-
(က) ကူးပြောင်းခွင့်ရရှိထားသည့် ကိုးကွယ်ရာဘာသာမှ မူလ မိမိကိုးကွယ်ရာ ဘာသာသို့ ဖြစ်စေ၊ အခြားဘာသာသို့ဖြစ်စေ ကူးပြောင်းကိုးကွယ်ခွင့်၊
(ခ) ကိုးကွယ်ရာဘာသာ ကူးပြောင်းပြီးနောက် ထိမ်းမြားလက်ထပ်မှု၊ အမွေ ဆက်ခံမှု၊ ပစ္စည်းခွဲဝေမှုတို့နှင့် စပ်လျဉ်း၍ ကူးပြောင်းခွင့် ရရှိသည့် ဘာသာ၏ ဥပဒေနှင့်အညီ ရရှိခံစားခွင့်။
၁၃။ ကိုးကွယ်ရာဘာသာကူးပြောင်းသူသည် သက်သေခံလက်မှတ်ရရှိသည့်အခါ -
(က) ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းက
(ခ) သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင်
အခန်း (၅)
တားမြစ်ချက်
၁၄။ မည်သူမျှ ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် သို့မဟုတ် အလွဲသုံးစားပြုရန် အကြံဖြင့်ကိုးကွယ်ရာဘာသာ ကူးပြောင်းရန် လျှောက်ထားခြင်း မပြုရ။
၁၅။ မည်သူမျှ သူတစ်ဦးတစ်ယောက်ကို ကိုးကွယ်ရာဘာသာ ကူးပြောင်းရန် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် အနိုင်အထက်ြပုခြင်း မပြုရ။
၁၆။ မည်သူမျှ သူတစ်ဦးတစ်ယောက်၏ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းကို ဟန့်တားခြင်း၊ ပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းမပြုရ။
အခန်း (၆)
ပြစ်ဒဏ်
၁၇။ မည်သူမဆို ပုဒ်မ ၁၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှု
၁၈။ မည်သူမဆို ပုဒ်မ ၁၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၁၉။ မည်သူမဆို ပုဒ်မ ၁၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂ဝ။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည
အခန်း (၇)
အထွေထွေ
၂၁။ မှတ်ပုံတင်ရေးအဖွဲ့၏ ရုံးလုပ်ငန်းကိစ္စအဝဝကို သက်ဆိုင်ရာ မြို့နယ်သာသနာ ရေးမှူးရုံးကသော်လည်းကောင်း၊ မြို့နယ်သာသနာရေးမှူး တာဝန်ကို ထမ်းဆောင်သော မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင်
၂၂။ မှတ်ပုံတင်ရေးအဖွဲ့သည် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆ
၂၃။
(က) ပြည်ပရှိ မြန်မာနိုင်ငံသားများသည် ကိုးကွယ်ရာဘာသာ ကူးပြောင်းလိုပါက သက်ဆိုင်ရာ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ လည်းကောင်း၊ မိမိနေထိုင်သည့် နိုင်ငံတွင် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မရှိပါ
(ခ) သက်ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးအရာရှိနှင့် ကောင်စစ်ဝန်တို့သည်ပုဒ်မခွဲ (က) အရ ဆက်သွယ်ပါက ပုဒ်မ ၆၊ ပုဒ်မ ၇၊ ပုဒ်မခွဲ (ခ) မှ(ဆ) အထိ၊ ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁ဝ နှင့် ပုဒ်မ ၂၂ တို့ပါ ကိစ္စရပ်များကို ဆောင်ရွက် ရမည်။
၂၄။ ဤဥပဒေအရ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းသည် နိုင်ငံသားဖြစ်မှုနှင့် သက်ဆိုင်ခြင်း မရှိစေရ။
၂၅။ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဤဥပဒေအရသာ ဆောင်ရွက်ရမည်။
၂၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သာသနာရေး ဝန်ကြီးဌာနနှင့် သာသနာရေးဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
ပြည်သူအများ သိရှိလေ့လာအကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်
Ref : http://
Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment