0

ACM Re-Post 26-5-2014
Location:ရန်ကုန်

ရန်ကုန်- အခြေခံဥပဒေပြင်ဆင်ရေးကို ကန့်သတ်ထိန်းချုပ်ထားသည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးအတွက် ပြည်သူများလက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှုကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ရုံးတွင် စတင်ပြုလုပ်ခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်း အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဝင်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီ၊ ဦးစိုးထွန်းအစရှိသည့် ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ၊ ရဟန်းရှင်လူပြည်သူများ လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။
၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးဆန္ဒပြုနေသည့် အနုပညာရှင်တစ်ဦးအား တွေ့ရစဉ်

၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး ဆန္ဒပြုနေသည့် ပြည်သူတစ်ဦးအား တွေ့ရစဉ်

၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးဆန္ဒပြုနေသည့် သံဃာတော်တစ်ပါးအား တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)

Aye Chan Mon Credit To:http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top