ကုသိုလ်ကောင်းမှုဆိုတာ
ချမ်းသာသုခရဲ့ အမည်ဖြစ်လို့
ချမ်းသာသုခကိုလိုချင်ရင်
ကုသိုလ်ကောင်းမှု ပြုရပါမယ်။
ချမ်းသာသုခကလည်း အမျိုးမျိုး ရှိပါတယ်။
ဒါနကြောင့် ရမယ့်ချမ်းသာ
သီလကြောင့် ရမယ့်ချမ်းသာ
သမထကြောင့် ရမယ့်ချမ်းသာ
ဝိပဿနာကြောင့် ရမယ့်ချမ်းသာ
ချမ်းသာတွေ တစ်ခုခုနဲ့တစ်ခု မတူကြပါဘူး။
ဒါကြောင့်ချမ်းသာတွေ အမျိုးစုံချင်ရင်တော့
ဒါနကုသိုလ်လည်း လုပ်ရပါမယ်။
သီလကုသိုလ်လည်းလုပ်ရပါမယ်။
သမထကုသိုလ်လည်း လုပ်ရပါမယ်။
ဝိပဿနာ ကုသိုလ်လည်းလုပ်ရပါမယ်။
ဒီကုသိုလ်တော့ လုပ်ပြီး
ဟိုကုသိုလ်တော့မလုပ်ဘူးဆိုရင်
ဒီချမ်းသာတော့ ရပြီး ဟိုချမ်းသာတော့
မရဘဲဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ချမ်းသာတွေ
အမည် (အမယ်)စုံချင်တယ်ဆိုရင်
ကုသိုလ်တွေလည်းစုံရပါမယ်။
ကုသိုလ်စုံလေ ချမ်းသာစုံလေပါပဲ။
(ဆရာတော်အရှင်ဆန္ဒာဓိက)
(စိတ်အားဖြည့်ဓမ္မနေခြည် စာ-၈၅)
Aye Chan Mon Credit To: နှလုံးသားအာဟာရ
http://www.ayechanmon-news1.com/
ချမ်းသာသုခရဲ့ အမည်ဖြစ်လို့
ချမ်းသာသုခကိုလိုချင်ရင်
ကုသိုလ်ကောင်းမှု ပြုရပါမယ်။
ချမ်းသာသုခကလည်း အမျိုးမျိုး ရှိပါတယ်။
ဒါနကြောင့် ရမယ့်ချမ်းသာ
သီလကြောင့် ရမယ့်ချမ်းသာ
သမထကြောင့် ရမယ့်ချမ်းသာ
ဝိပဿနာကြောင့် ရမယ့်ချမ်းသာ
ချမ်းသာတွေ တစ်ခုခုနဲ့တစ်ခု မတူကြပါဘူး။
ဒါကြောင့်ချမ်းသာတွေ အမျိုးစုံချင်ရင်တော့
ဒါနကုသိုလ်လည်း လုပ်ရပါမယ်။
သီလကုသိုလ်လည်းလုပ်ရပါမယ်။
သမထကုသိုလ်လည်း လုပ်ရပါမယ်။
ဝိပဿနာ ကုသိုလ်လည်းလုပ်ရပါမယ်။
ဒီကုသိုလ်တော့ လုပ်ပြီး
ဟိုကုသိုလ်တော့မလုပ်ဘူးဆိုရင်
ဒီချမ်းသာတော့ ရပြီး ဟိုချမ်းသာတော့
မရဘဲဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ချမ်းသာတွေ
အမည် (အမယ်)စုံချင်တယ်ဆိုရင်
ကုသိုလ်တွေလည်းစုံရပါမယ်။
ကုသိုလ်စုံလေ ချမ်းသာစုံလေပါပဲ။
(ဆရာတော်အရှင်ဆန္ဒာဓိက)
(စိတ်အားဖြည့်ဓမ္မနေခြည် စာ-၈၅)
Aye Chan Mon Credit To: နှလုံးသားအာဟာရ
http://www.ayechanmon-news1.com/
Post a Comment