0

Published on: May 26, 2014
Written by: အောင်သူထွန်း

မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းတွင် မေ ၂၄ ရက် ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် ခရီးသည်တင်ယဉ်အပါအ၀င် အခြားယာဉ်များလည်း သွားလာမှု ခက်ခဲလာသည်ဟု သိရသည်။

"ကျွန်တော်တို့ ရန်ကုန် ကုန်ဝင်ချိန် ခါတိုင်းထက် ၅ နာရီလောက် နောက်ကျခဲ့ပါတယ်။ လမ်းမှာက ကျော်ရွာကကျော်လာပြီး မိုးတွေရွာလာတယ်။ အဲဒီမှာကားတွေက သူကပိတ်လိုက် ကိုယ်ကပိတ်လိုက်နဲ့ နှစ်နာရီလောက်ကြာတယ်" ဟု မေ ၂၄ ညပိုင်းက ယာကြီးလမ်းကို ဖြတ်ခဲ့သူတစ်ဦးက ပြောကြားသည်။

ယာကြီးကို မိုးရာသီအတွင်း ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး မိုးဖြိုင်ဖြိုင်ကျလာပါက ယဉ်ကြီးများကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားမည်ဟု သိရသည်။

"ကားတွေက မိုင်တိုင် ၇၀၊ ၆၈၊ ၆၇ ၀န်းကျင်လောက်မှာ ပိတ်နေလို့ ဂျာနယ်တွေမေရောက်သေးဘူး။ ကားတွေက ဒီအတိုင်းရပ်ထားရတာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ မိုးချောတော့ ဖြည်းဖြည်းလာကြရတယ်။ မိုးရွာရင် ယာကြီးလမ်းက လုံးဝသွားမကောင်းဘူး။ ကျွန်တော်တို့ဂျာနယ်ထုပ်တွေ မွန်းလွဲ ၂ နာရီကျော်တဲ့အထိ မရောက်သေးဘူး" ဟု ကလေးမြို့ လျံလျံစာပေပိုင်ရှင် ကိုထွန်းက ပြောကြားသည်။ ချင်းပြည်နယ်မြောက်ပိုင်း၊ ချင်းတောင်ခြေဒေသများအတွက် အဓိကအရေးပါသော မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် အိန္ဒိယနိုင်ငံမှ အင်ဂျင်နီယာများ တိုင်းတာမှုများ ပြုလုပ်နေသည်ဟု သိရသည်။

"မိုးကျလာရင် ယာကြီးလမ်းက မကောင်းတော့ဘူး။ ကလေးမြို့မှာ မေ ၂၄ ရက်က မိုးတော်တော်ရွာလိုက်တယ်။ ယာကြီးလမ်းဘက်လည်း မိုးရွာတယ်။ ဒါကြောင့် လမ်းတွေပိတ်ကုန်တာ။ ဧည့်သည်က ယာကြီး လမ်းကနေ ကလေးမြို့လာတာ။ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းမရဘူး။ လမ်းမှာ ကားပိတ်နေတယ်ဆိုတာလောက်ပဲ သိရပါတယ်။ အဲဒီလမ်းမှာက ယာကြီးကနေ ကလေးဝအထိ ဖုန်းဆက်ရတာ အဆင်မပြေဘူး။ ဒီကနေ့ဆိုရင် လာပို့ ၊ ကျော်ရွာစတဲ့ ရပ်နားစခန်းက ဖုန်းတွေဆက်လို့မရဘူး။ ကားဂိတ်တွေကတော့ ယာကြီးလမ်းကောင်းလားမေးရင် ကောင်းပါတယ်ပဲပြောတာပဲ" ဟု ခရီးသွားတစ်ဦးက ပြောကြားသည် ။

အခြားလမ်းတစ်လမ်းဖြစ်သော မုံရွာ- ပုလဲ-ဂန့်ဂေါ- ကလေးမြို့လမ်းသည် ယာကြီးလမ်းထက် ခရီးမိုင် ၇၀ ပိုမိုသောကြောင့် အသုံးပြုမှုနည်းပါးလျက်ရှိသည်။ "မှန်လုံကားတွေက မွန်းလွဲ ၂ နာရီကျော်လောက်ကမှ ဖြတ်သွားတယ်။ ကုန်တင်ကားတွေကတော့ အခုဝင်လာနေပါပြီ ။ မိုးရွာလိုက်တော့ လမ်းချော်ပြီး လမ်းတွေပိတ်ကုန်တာပါ" ဟု ကလေးဝမြို့နှင့် ၁၀ မိုင်ခန့်ဝေးကွာသော ဇိုဂမ်ထမင်းဆိုင်မှ မေ ၂၅ ရက် ညနေ ၄ နာရီ ခန့်တွင် ပြောကြားသည်။

မေ ၂၄ ရက် ညနေက မုံရွာ- ယာကြီး-ကလေးဝကားလမ်း မိုင်တိုင် ၆၇ ၀န်းကျင်တွေ တွေ့ရသော ခရီးသည်တင်ကား (ဓာတ်ပုံ -အင်ဒရူးသောင်)

Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top