0

Published on: May 26, 2014
Written by: မင်းသိန်းနိုင်၊ အောင်ကျော်ထက်၊ ရှိုင်းလင်းအောင်

ကြံ့ခိုင်မှုအခြေအနေကြောင့် သုံးရက်ကြာ ပိတ်ထားခဲ့ရသော မင်္ဂလာတောင်ညွန့်- ပုဇွန်တောင်-ဒေါပုံတံတား၏ ကြံ့ခိုင်မှုအတွက် ပြန်လည်ပြုပြင်မွမ်းမံပြီးဖြစ်၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုအား ပြန်လည်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ တံတားအား မေ ၂၂ ရက်ည ၇ နာရီခွဲခန့်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ကြံ့ခိုင်မှုအခြေအနေစစ်ဆေးခဲ့ပြီး မော်တော်ယာဉ်များအား သွားလာခွင့်ကို ယာယီတားမြစ်ခဲ့ခြင်းဖြစ်ပြီး မေ ၂၅ ရက် ည ၁၀ နာရီခွဲခန့်တွင် တံတားအား ပြန်လည်ပြုပြင်ပြီးဖြစ်၍ ယာဉ်များပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

"အဓိကကတော့ Lock Pin တွေကိုပြင်တယ်။ ပြီးတော့ တံတားမူလီတွေကို အသစ်ပြန်တပ်တယ်။ အရစ်တံပျက်စီးနေတာတွေ၊ အသွင်းအထုတ်လုပ်တဲ့စနစ်တွေကို ပြုပြင်တယ်။ ပြီးတော့ မညီမညာဖြစ်နေတဲ့ အပိုင်းကိုလည်း ပြန်လည်ပြုပြင်တယ်။ ပြင်ပြီးတော့ ကျွန်တော်တို့က ကားပေါ်မှာ သဲတွေတင်ပြီး အစမ်းဖြတ်ကြည့်ပြီး စိတ်ချရတော့မှ ပြန်လည်ဖြတ်သန်းမောင်းနှင်ခွင့်ပြုလိုက်တာပါ" ဟု ရန်ကုန်တိုင်း ပြည်သူ့ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီး ဦးမြင့်ဇော်က မေ ၂၆ ရက်တွင် ပြောကြားသည်။

"တံတားက မနေ့ကမနက်ပိုင်းထဲက ဖြတ်သန်းသွားလာခွင့်ရတယ်။ ညပိုင်းတော့ ဘာဖြစ်လို့လဲမသိဘူး ပြန်ပိတ်သွားတယ်။ ဒီမနက်ပိုင်းတော့ ပြန်ဖွင့်ပေးပါတယ်။ ဖြတ်သန်းခွင့်ပြန်ရတော့ ကောင်းပါတယ်။ အဲဒီလိုမှမဟုတ်ရင် တံတားပေါ်ဖြတ်သွားတဲ့ လိုင်းကားလမ်းကြောင်းက ပုဇွန်တောင်ဘက်က ဖြတ်သွားလို့မရတော့ဘူး။ ဗန္ဓုလတံတားဘက်ကပဲ ဖြတ်သွားနေရတော့ ယာဉ်ကြျောတွ တော်တော်ကျပ်သွားတယ်။ ယာဉ်ျမာင်းတွေအနေနဲ့လည်း သတ်မှတ်တန်ချိန်ျတွထက်ပိုတင်ပြီး မမောင်းသင့်တော့ဘူး။ တံတားသက်တမ်းကုန်နေပြီဖြစ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်ပြီ" ဟု မေတ္တာလှိုင်း ၄ ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကဆိုသည်။

အဆိုပါတံတားအား ၁၉၆၆ ခုနှစ်တွင် ကိုလံဘိုစီမံကိန်းအရ ကနေဒါအစိုးရအကူအညီဖြင့် ပြည်သူ့လုပ်ငန်းကော်ပိုရေးရှင်းမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တံတားပေါ် ဖြတ်သန်းသွားလာနေသည့် ယာဉ်များအား မေ ၂၆ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)

Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top