0


Bangkok Post

နိုဝင်ဘာ ၁၉

Italian-Thai Development Plc (ITD) အား ထားဝယ်၌ ၇၅ နှစ်တိတိ လုပ်ပိုင်ခွင့်ပြုထားဆဲဖြစ်သော် လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ ပါဝင်လာရေး စီစဉ်နေသည့်အချိန်တွင် ရေနက်စီမံကိန်း ဆောက် လုပ်ခြင်းကို ရပ်တန့်ထားသည်ဟု မြန်မာအစိုးရ ပြောခွင့်ရပုဂ်္ဂိုလ်က ဆိုသည်။

သမ္မတရုံးမှ အကြံပေးတစ်ဦးဖြစ်သူ ဦးဆက်အောင်က ထားဝယ်ရေနက်စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် တစ်ခု တည်ဆောက်ရန်အတွက် ITD အား ခွင့်ပြုထားသည်ကို အစိုးရမှ ရုပ်သိမ်းလိုက်ပြီဆိုသည့် သတင်းများမှာ မမှန်ကန်ဟု ပြောဆိုသည်။

ထားဝယ်စီမံချက်မှာ နှစ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြာနေပြီဖြစ်သည့်အတွက် ITD အား လုပ်ပိုင်ခွင့် ပေးထားခြင်းကို မြန်မာအစိုးရမှ ပြန်လည်ရုပ်သိမ်းရန်စီစဉ်နေပြီဟု ထားဝယ်သို့ ယခုလအစောပိုင်းတွင် သွားရောက်လည်ပတ်ခဲ့သည့်အသင်းအား ဦးဆောင်ခဲ့သော ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး Pongsak Raktapongpaisal က ယခင်သီတင်းပတ်အတွင်းက ပြောသည်။

ထားဝယ်စီမံချက်အား စတင်ရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့အား ဦးဆောင်စေခဲ့သူ မစ္စတာ Pongsak က မြန်မာအစိုးရအနေဖြင့် ထားဝယ်စီမံချက်အတွက် လာမည့်နှစ်အစောပိုင်းတွင် နိုင်ငံတကာ လေလံ တစ်ခုခေါ်ဆိုလိမ့်မည်ဟု ဆိုခဲ့သည်။

“မြန်မာအစိုးရက ITD ကို ထွက်သွားစေချင်တယ်ဆိုတာ မမှန်ပါဘူး” ဟု ဦးဆက်အောင်က နိုဝင်ဘာ ၁၈ ရက်တွင် ဘန်ကောက်ပို့စ်သို့ ပြောခဲ့သည်။

“ဒါပေမဲ့ ဒီစီမံချက်တွေကို သင့်လျော်တဲ့ လေ့လာသုံးဆန်းစစ်တွေလုပ်ဖို့အတွက် ITD အနေနဲ့ ၎င်းရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းရပါမယ်။ သင့်တော်တဲ့ လေ့လာဆန်းစစ်မှုတွေမရှိဘဲနဲ့ ထားဝယ်စီးပွားရေးစီမံ ချက် အကောင်အထည်ဖော်ရေးနဲ့ ဆက်စပ်တဲ့ ဘယ်လိုစီမံချက်မျိုးမှာမှ အခြားရင်းနှီးမြှုပ်နှံသူတွေ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အခြားရင်းနှီးမြှုပ်နှံသူတွေ မပါဝင်ဘူးဆိုရင် ထားဝယ်စီမံချက်ဟာ ဘယ်တော့ မှ အောင်မြင်မှာ မဟုတ်ပါဘူး” ဟုလည်း ဦးဆက်အောင်က အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့ သည်။

ယင်းဆုံးဖြတ်ချက်များအားလုံးအား မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရများ၏ အဆင့်မြင့်ကော်မတီသို့မဟုတ် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးဆက်အောင်ကဆို သည်။

“မြန်မာနဲ့ ထိုင်းအစိုးရတွေကလုပ်တဲ့ ဆွေးနွေးပွဲတွေတိုင်းနဲ့ ဆုံးဖြတ်ချက်တွေတိုင်းကို ITD သိပါတယ်” ဟုလည်း ၎င်းကဆိုသည်။

လောလောဆယ်တွင် ထားဝယ်ကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့မှITD သို့ ဆက်သွယ်ထားသည်ဟု ထိုင်းအာဏာပိုင်များက ဆိုသည်။ITD ၏ အမှုဆောင် များ အားလုံးမှာလည်း ထားဝယ်သို့ရောက်ရှိနေပြီး လုပ်ငန်းရပ်နားရန်အတွက် ဆောင်ရွက်နေသည်ဟု ဆိုလိုက်သည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top