0



လူမှုကွန်ရက် Facebook ပေါ်မှာ မိမိ ဖတ်ချင်တာတွေကို Read later ဆိုတဲ့ pop up button လေးကို နှိပ်ပြီး Save လုပ်လို့ရတဲ့ Feature အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။

အများဟု အနေနဲ့ ကိုယ်ဖတ်ချင်တဲ့ Post တွေ၊ ကြည့်ချင်တဲ့ ပုံတွေ၊ စာတွေကို မိမိရဲ့  Wall မှာ Only me နဲ့ ရှဲတာတို့၊ public နဲ့ Share တာတို့ အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ အဲလိုမှ လုပ်မထားရင်လည်း သူငယ်ချင်း မိတ်ဆွေတွေကို Message box ကနေ Link ပေးပြီး save လုပ်တဲ့အထိတောင် ပေါက်ပေါက်ရှာရှာ လုပ်တတ်ကြပါသေးတယ်။ ယခုတော့ ယင်း အခက်အခဲတွေကို Facebook က ဖြေရှင်းပေးတော့ မှာ ဖြစ်ပါတယ်။

မိမိ ဖတ်ချင်တဲ့၊ ထပ်ကြည့်ချင်တဲ့ Post တွေရဲ့  Link တွေကို Save လုပ်ထားပြီး News Feed တို့လို အောက်မှာ တစ်နေရာမှာ Saved ဆိုတဲ့ Button လေးကို မြင်ရစေမှာ ဖြစ်ပါတယ်။ ယင်း Saved ကိုနှိပ်လိုက်ရင် ကိုယ် ဖတ်ဖို့ အတွက် Save လုပ်ခဲ့တာတွေကို မြင်တွေ့ရမှာပါ။ ဒီအတွက် မီဒီယာများက Leaked Photo များနဲ့ တကွ ရှင်းလင်း ပြသခဲ့ခြင်း ဖြစ်ပါ တယ်။ သို့ပေမယ့် Faceboook က တရားဝင် မကြေညာရသေးပါ ဘူး။ လောလောဆယ် အကောင့် အချို့ မှာ ဆန်းသတ်ပေးနေပြီး မကြာမီ အားလုံးကို Publically effect ဖြစ်အောင် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

Facebook ကို "the best personalized newspaper in the world" ဖြစ်ရ မယ်လို့ ဇူကာတ်ဘတ် တရားဝင် ကြေညာခဲ့ဖူးပါတယ်။ ယခု ဒါကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ နောက်ဆိုရင် Google လိုပဲ e Reader တွေပါ မြင်တွေ့ရမယ်လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( www.innewsmyanmar )
.
http://www.innewsmyanmar.com/2013/11/facebook-save.html

အေးချမ်းမွန် Credit To >International news for myanmar https://www.facebook.com/excellencemedia
79

Post a Comment

 
Top