0


ရန်ကုန်၊ နိုဝင်ဘာ ၂၇

နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အဦ မပြည့်စုံမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ အားနည်းချက်များကို ပြောင်းလဲ ပစ်နိုင်ကြောင်း အော်ရီဒူးမြန်မာမှ စီးပွားရေးဆိုင်ရာ အရာရှိချုပ် Mr.Scott Weenink က ပြောကြားသည်။

နိုင်ငံတကာ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရာ၌ ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့ရပြီး အခြေခံ အချက်များဖြစ်သော အီးမေးလ် စစ်ဆေးခြင်းနှင့် ပြည်ပသို့ဖုန်း ခေါ်ဆိုခြင်း များ ပြုလုပ်ရာတွင်ပင် ခက်ခဲလေ့ ရှိကြောင်း ၎င်းကဆိုသည်။
“ပြည်ပကုမ္ပဏီ နှစ်ခုလုံးက နိုင်ငံတကာ စံနှုန်းတွေအတိုင်း လုပ်မှာဖြစ်တဲ့အတွက် ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာမယ်လို့ ယုံကြည်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက မှတ်ချက်ပြုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံရှိ လူဦးရေသန်းပေါင်း ၆၀ တွင် ခြောက်သန်းခန့်သာ မိုဘိုင်းလ်ဖုန်း ပိုင်ဆိုင်ကြပြီး တယ်လီဖုန်း သိပ်သည်းဆမှာ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

အော်ရီဒူးသည် မြန်မာအစိုးရက တရားဝင် ချထားပေးမည့် ၁၅ နှစ်ကြာ လိုင်စင်သက်တမ်းအတွင်း မြန်မာနိုင်ငံ တစ်ဝန်း 3G မိုဘိုင်းလ် ကွန်ရက် ဖြန့်ကြက်မည့်အပြင် မိုဘိုင်းလ်ဘဏ်စနစ်၊ အချက် အလက်များ ရယူနိုင်သော ဝန်ဆောင်မှုများ (Data Services) များဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ (စတာလင်ပေါင် ၉၄ ဘီလီယံ) အထိ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top